[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၁၇)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
ရေကြည် အိမ်ပြန်ရောက်တော့ ည၈နာရီထိုးခါနီးလေပြီ။
"ပြန်ရောက်ပြီလား၊"
ဧည့်ခန်းရှေ့မှအဖြတ် ဧည့်ခန်းထဲမှ နေကြည့်အသံကြောင့် လှည့်ကြည့်မိတော့ နေကြည်က ဧည့်ခန်းစားပွဲမှာထိုင်ကာ စာလုပ်နေဟန်။
ရေကြည်လည်း နေကြည့်အနားကို လျှောက်သွားလိုက်တယ်။
"ထူးထူးဆန်းဆန်း အိမ်အစောပြန်ရောက်နေပါလား ငါ့ညီလေးက၊"
"ရာသီဥတုအေးတယ်လေ၊အဲ့ဒါကြောင့် အိမ်စောပြန်ခဲ့တာ၊"
"ညစာစားပြီးပြီလား နေကြည်၊"
"နိုး ဘာစားရမှန်းသိပ်မသိလို့၊"
"ထမင်းချက်လိုက်တာတော့ မဟုတ်ဘူး ငါ့ညီလေးရယ်၊"
"အစ်ကို့ညီက အဲ့လိုလုပ်တတ်မယ့်ရုပ်ပေါက်နေလို့လား၊"
ရေကြည်လည်း သက်ပြင်းချလိုက်ကာ ခေါင်းခါမိတယ်။ဟုတ်သား နေကြည်က ကော်ဖီတောင် အရသာရှိရှိဖျော်တတ်တဲ့သူ မဟုတ်။
"ကဲ ဒီချိန်မှ ထမင်းအိုးတည်လည်း ကြာနေဦးမယ်၊ဒီလိုလုပ် အစ်ကိုတို့ ဒီညတော့ ခေါက်ဆွဲပြုတ်စားကြမလား၊"
"ကြိုက်တာလုပ် ဗိုက်ဆာနေတာ၊"
"အိုကေ ၇မိနစ်လောက်ပဲစောင့်၊"
ပြောပြီး မီးဖိုခန်းဘက်ကိုထွက်သွားတဲ့ အစ်ကို့ကိုကြည့်ကာ နေကြည် သဘောတကျ ပြုံးလိုက်မိတယ်။အစ်ကိုကလေ နေကြည့်ကို ညီလေးဆိုတာထက် သူ့ရဲ့သားလေးလိုကို ချစ်ပြီး ဂရုစိုက်ရှာတာ။
နေကြည်လည်း အစ်ကို့ကို ချစ်ပါတယ်။မပြောဖြစ်တာပဲရှိတာ။တစ်လောကလုံးမှာ မောင်နှမသားချင်းဆိုလို့ ဒီအစ်ကိုတစ်ယောက်ပဲရှိတာကို မချစ်ပဲနေပါ့မလားလေ။
နေကြည် တွေးရင်း စိတ်ကူးပေါက်ကာ စာအုပ်ကိုပိတ်ပြီး မီးဖိုခန်းဘက်ကို လိုက်သွားလိုက်၏။
"ဘာကူလုပ်ပေးရမလဲ အစ်ကို၊"
"ဟေ...ရပါတယ်ကွ၊မင်းဘာသာနေစမ်းပါကွာ၊အစ်ကိုပဲ..."
ВЫ ЧИТАЕТЕ
Любовные романыLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)