၃၂

235 10 1
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၃၂)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

နို့စတော်ဘယ်ရီပူပူလေးကို မှုတ်သောက်နေတဲ့ ပါးဖောင်းဖောင်းနဲ့ ကလေးငယ်ကိုကြည့်ကာ ရေကြည်မှာ မြတ်နိုးလို့မဆုံး။

ခုနကမှ ငိုထားပြီးတဲ့ မျက်လုံးဝိုင်းဝိုင်းကလေးတွေက နီနေသေးလျက်။

"ညွှန်း မုန့်စားဦးမလား၊"

"တော်ပြီ..."

ဘာဖြစ်တယ်ဆိုတာ အခုထိမပြောသေးသူကြောင့် ရေကြည်မှာ ရတတ်မအေး။

"ကိုကို့ကိုပြောပြမှ ကိုကိုက ညွှန်းကို ကူညီပေးလို့ရမှာပေါ့၊ဘာဖြစ်လာတယ်ဆိုတာ ပြောပြလေ နော်၊"

"ကိုကို..."

"ဟင် ပြောလေ ညွှန်း၊"

"တကယ်လို့ ကိုကိုသိပ်မုန်းတဲ့လူတစ်ယောက်က ကိုကို့ညီအစ်ကိုဖြစ်နေတာကိုသိခဲ့မယ်ဆို ကိုကို ဘယ်လိုလုပ်မလဲ၊လက်ခံပေးနိုင်လောက်လား၊"

ရေကြည်လည်း ညွှန်းရဲ့လက်ကလေးကို ကိုင်ထားလျက်မှ...

"စစသိချင်းတော့ ဘယ်လက်ခံနိုင်မလဲ၊အချိန်တော့ယူရမယ်ထင်တယ်၊"

"အင်းနော်...သူက ကိုယ့်မိသားစုကို အသေဒုက္ခပေးထားတာဆို ပိုပြီးတော့ လက်ခံရခက်မှာနော်၊"

"အင်းပေါ့၊ဒါပေမယ့် ညွှန်း မှတ်ထား၊မေတ္တာနဲ့အမုန်းတရားမှာဆို မေတ္တာက အမြဲအားသာပါတယ်၊အမုန်းတွေကို မေတ္တာက အနိုင်ယူနိုင်တယ်၊"

ညွှန်း သက်ပြင်းလေးသာချမိရတယ်။ညွှန်းမှ မွေ့သံလွင်ကို မေတ္တာထားနိုင်၊မထားနိုင်ဆိုတာ မသေချာသေးတာ။ရင်ထဲစူးဝင်နေတဲ့ အမုန်းတွေကို ချက်ချင်း ဆွဲနှုတ်ဖို့တော့ မဖြစ်နိုင်ပါ။

"မေတ္တာထားဖို့ဆိုတာ မေတ္တာထားချင်စရာကောင်းနေဦးမှလေ ကိုကိုရယ်၊"

"လူတိုင်းအပေါ် မေတ္တာထားနိုင်အောင် ကြိုးစားပေါ့၊ဒါပေမယ့် ပြောသာပြောရတာ၊အရာရာကို မေတ္တာထားနိုင်ဖို့ဆိုတာ ပုထုစဉ်တွေအတွက် မဖြစ်နိုင်ဘူး၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Hikayelerin yaşadığı yer. Şimdi keşfedin