395 33 14
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၅)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"သံလွင်..."

ညနေကျောင်းဆင်းချိန်။စာအုပ်တွေကို လက်တစ်ဖက်ကသယ်လျက် တစ်ဖက်က ကျောပိုးလွယ်အိတ်ကြိုးလေးကို ကိုင်လျက် ပလက်ဖောင်းအထက်မှာတစ်ယောက်တည်းသွားနေတဲ့ သံလွင်ကို တွေ့လိုက်ရတာမို့ ရေကြည် ဆိုင်ကယ်လ်ကို သံလွင့်နံဘေးကပ်ရပ်မိတယ်။

သံလွင်က လှည့်ကြည့်လာတော့...

"လာ တက်...အိမ်ပြန်ပို့ပေးမယ်၊"

"ဟင့်အင်း ငြင်းလို့ရမလား ဆရာ၊"

"ဘာလို့..."

"ဆရာက ဘာလို့ဆိုတဲ့ အကြောင်းပြချက်ကို အမြဲမေးတာပဲနော်၊"

သံလွင့်စကားကြောင့် နည်းနည်းလေးတော့ စိတ်ထဲ အောင့်သက်သက်ဖြစ်ရတယ်။သူ့အမြင်မှာ ကိုယ်က သိပ်ကို စပ်စုတတ်တဲ့သူ ဖြစ်နေမလားမသိ။

"တကယ်တော့ အကြောင်းပြချက်က နှစ်ခုပါ ဆရာ၊ပထမတစ်ခုက ဆရာ့ကို ကျွန်တော့်အိမ်နဲ့ပေးမတွေ့လိုတာပါ၊ဘာလို့လဲလို့ ထပ်မမေးရင် ဆရာ့ကို ကျွန်တော် ကျေးဇူးတင်မိမှာ၊"

"အင်းပါ မမေးဘူး၊ဒုတိယတစ်ခုကကော..."

"အဲ့ဒါက..."

သံလွင်က ပြောရခက်နေဟန်ပင်။စာအုပ်တွေကို ရင်ခွင်ထဲပိုက်လျက်...

"ကျွန်တော် အကျင့်ပျက်သွားမှာစိုးလို့ပါ၊နောက်နေ့တွေကြ ဆိုင်ကယ်လ်နဲ့ပဲ သွားချင်နေရင် ခက်သားလား ဆရာ၊"

"ကိုယ်နေ့တိုင်းလိုက်ပို့နိုင်ပါတယ်၊"

ရေကြည်က ပြောလိုက်တော့ မျက်လုံးလေးတွေ ဝိုင်းစက်ကာ အံ့ဩသွားပုံရတဲ့ သံလွင်။

"ဓာတ်ဆီက အလကားမှမရပဲ ဆရာ၊ကျွန်တော် ပြောဖူးပါတယ်၊ကျွန်တော် ဘယ်သူ့ဆီမှ ကျေးဇူးကြွေးမရှိချင်ဘူးဆိုတာလေ၊"

"ကိုယ်လည်း သံလွင်ကို တစ်ခုပြောပြထားရဦးမယ်၊သူငယ်ချင်းတွေဆီမှာ ကျေးဇူးကြွေးဆိုတာမရှိဘူးနော် သံလွင်၊တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ ရိုင်းပင်းရတာမျိုး၊သံလွင် ကိုယ့်ကို သူငယ်ချင်းလို့ သတ်မှတ်ရင် ကိုယ့်ဆိုင်ကယ်လ်ကို လိုက်စီးပေးပါ၊စိတ်ချပါ လမ်းထိပ်အထိပဲလိုက်ပို့ပေးမှာပါ သံလွင်၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now