[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၂၈)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
"ခေါင်းသုတ်ပေးလေ..."
နေနေက ကုတင်ထက်မှာ ထိုင်နေလျက် ခပ်တည်တည်ပင်ပြောလာတော့ မွေ့မှာ သဘောကျရလွန်းစွာ၊ပြုံးမိရလျက် တပါတ်လေးကိုယူကာ နေနေ့နောက်မှာ နေရာယူပြီး ရေချိုးပြီးခါစမို့ စိုရွှဲနေလေတဲ့ နေနေ့ဆံပင်တွေကို ရေသုတ်ပေးမိတယ်။
"မနက်ဖြန် ရုံးပိတ်ရက်မလား၊"
"ဟုတ်တယ်လေ နေနေ၊"
"တစ်နေရာရာကို အတူတူ သွားလည်ချင်လား၊"
နေနေ့ဆီမှ မထင်မှတ်ထားတဲ့စကားကို ကြားလိုက်ရတာမို့ မွေ့ ပါးစပ်လေးပင်အဟောင်းသားဖြစ်ကာ တအံ့တဩ။
"မောင်က လိုက်ပို့မလို့လားဟင်၊"
"အင်း အတူတူတစ်ခါမှ ဒိတ်မလုပ်ဖူးတာက ထူးဆန်းသလိုခံစားလာရလို့၊အဲ့ဒါ မနက်ဖြန်ကြ တစ်နေရာရာသွားကြရအောင်၊ပြင်ဆင်ထားလိုက်၊ဘယ်သွားချင်လဲ ရွေးလိုက်၊"
"ဟုတ်...ဟုတ်ကဲ့ မောင်၊ဒါဆို ငါလေ... အင်း ဘာစလုပ်ရပါ့၊"
ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေနဲ့အတူ မွေ့လည်း လူကောစိတ်ကော ပြယာခတ်ရလေတယ်။ဘယ်လိုမှ မထင်မှတ်ထားတဲ့ အနေအထားတစ်ခုရောက်လာတာမို့ မွေ့ရဲ့ရင်ထဲ ပြောမပြတတ်အောင်ကို စိတ်လှုပ်ရှားရင်ဖိုရတယ်။
ဘယ်လိုအကြောင်းတရားတွေကြောင့် နေနေက ပြောင်းလဲလာတာဖြစ်ပါစေ၊မွေ့ ကျေနပ်တယ်။ဒီအခြေအနေလေးကို အမိအရဖမ်းဆုပ်ထားမှာ။
မွေ့သံလွင်က အဏ္ဏဝါနေကြည်နဲ့ပတ်သက်ရင် အဲ့ဒီလောက်ရူးတယ်။
"ပျော်နေတာလား၊"
"ပျော်တာပေါ့ မောင်ရဲ့၊မောင့်ဆီကနေ နွေးထွေးမှု သေးသေးလေးရရင်တောင်မှ ဒီကောင်က ရူးမလိုပါပဲ၊"
နေနေက မွေ့နဲ့မျက်နှာချင်းဆိုင်ကို လှည့်ကြည့်လာလျက်။မွေ့ရဲ့မျက်ဝန်းတွေကို သေချာစိုက်ကြည့်ကာ...
"မောင့်ကို အဲ့လောက်တောင် ချစ်တာလား၊"
ရင်ခုန်ရလွန်းလို့ ရူးမှာပဲ။မောင်တဲ့လေ။နေနေက သူ့ကိုယ်သူ မောင်လို့သုံးနှုန်းလိုက်တာလား။
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)