[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၂၄)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
"ကိုကြီးရယ် ဘာလို့ကိုယ်တိုင်ထပြီး ရေနွေးတည်နေရတာတုန်း၊ဆက်ဆက်ကို လှမ်းခေါ်ပါဆိုမှပဲ၊"
သိဒ္ဓိအနားကို အပြေးလေးရောက်လာကာ သိဒ္ဓိရဲ့လက်ထဲမှ ရေနွေးအိုးကို ဆွဲယူလျက် မကျေမနပ်ဆိုလာသူက သိဒ္ဓိရဲ့ချစ်လှစွာသော အသည်းသက်ညှာကလေး ဂဟေဆက်။
သိဒ္ဓိလည်း ပြုံးမိရကာ ဆက်ဆက်ရဲ့ပုခုံးပေါ်ကို လက်တင်ဖက်တွယ်မိတယ်။
"ကိုကြီးက သက်သာနေပါပြီ ကလေးရဲ့၊ကိုယ်တိုင်လုပ်နိုင်နေတဲ့အရာကို ကိုယ့်ကလေးကို မခိုင်းချင်လို့ပါ၊ကလေးက ကိုယ့်ကို ၅နှစ်လုံးပြုစုလာရတာ ပင်ပန်းနေပြီလေ၊"
သိဒ္ဓိက သူ့နဖူးထက်ကဆံပင်လေးတွေကို သပ်တင်ပေးလျက် တယုတယဆိုတော့ ဆက်ဆက်က သိဒ္ဓိရဲ့လက်ကို ထွေးဆုပ်လာလျက်...
"ကိုယ့်ချစ်ရသူ...ကိုယ့်အမျိုးသားကို ပြုစုပေးရတာ မပင်ပန်းပါဘူးနော်၊ချစ်သူဆိုတာ အေးတူပူမျှပါ ကိုကြီးရဲ့၊ဒုက္ခရောက်နေချိန်မှာ စွန့်ပစ်သွားတာ အချစ်မဟုတ်ဘူး၊"
"ကိုယ့်ကလေးလေးက အများကြီးကိုရင့်ကျက်လာတာပဲ၊"
"ကိုကြီးကို ချစ်မိသွားတဲ့အချိန်ကစပြီးတော့ ရင့်ကျက်သွားတာပဲ၊"
သူ့နဖူးလေးကို အမြတ်တနိုးအနမ်းခြွေမိတော့ ဆက်ဆက်က ပြုံးလေတယ်။
အောက်ပိုင်းသေကာ ဒုက္ခိတဖြစ်ခဲ့ပြီး စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး အဖက်ဖက်မှ အဆင်မပြေခဲ့တဲ့အချိန်မှာ ဆက်ဆက်က အနားမှာရှိပေးခဲ့တယ်။သူ့အသက်လေးငယ်ငယ်လေးနဲ့တောင်မှ သိဒ္ဓိကို ထားခဲ့ဖို့မတွေးခဲ့။
သိဒ္ဓိရဲ့ဝေယျာဝစ္စအားလုံးကို ယနေ့ထိ မညည်းမညူလုပ်ပေးခဲ့တာ။တစ်ခါတစ်လေကျ ကိုယ့်ညီအရွယ် ကလေးငယ်ငယ်လေးကို ဒုက္ခပေးသလိုများဖြစ်နေမလားဆိုပြီး အားနာမိတာအခါခါ။ဒါပေမယ့် ဆက်ဆက်က အားနာတယ်ပြောရင်မကြိုက်။
အခုချိန်မှာတော့ ၅နှစ်အတွင်း ကြိုးစားကာ ဆေးကုခဲ့သမျှက သိဒ္ဓိကို သာမန်လူတစ်ယောက်လို လမ်းမလျှောက်နိုင်စေသေးသော်လည်း အနည်းငယ်တော့ ဘာအကူအညီမှမပါပဲ သွားနိုင်နေပြီ။
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)