342 26 6
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၉)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"ဒီမိုးကတော့..."

မိုးတွင်းမှာ ကျောင်းတက်ရတာက သိပ်တော့ အဆင်မပြေလှ။ရွာချင်တဲ့အချိန် ထရွာပြီး သွားလာရတာက စိုစိစိုစိနဲ့။

ဒီနေ့လည်း မိုးက ရုတ်တရက်ကြီး အချက်ပင်မပြပဲ ရွာချလာတာမို့ ကျောင်းဆင်းချိန်မှာ မွေ့ အကြပ်ရိုက်ရတယ်။ရှေ့ရက်တွေမှာ လုံးဝမရွာခဲ့လို့ ထီးမယူခဲ့မိတာ ထီးမပါလာမှပဲ မိုးက သည်းကြီးမည်းကြီးကို ရွာနေလေရော။

ကျောင်းထဲမှာ မွေ့ပဲ ကျန်နေတော့တာထင်တယ်။နောက်ဆုံးချိန်က အားလပ်ချိန်မို့ ဘယ်သူမှမရှိတဲ့နေရာမှာ စာသွားကျက်နေမိတာ။ကျောင်းဆင်းလို့ ပြန်လာတော့ မိုးကရွာ။

"ဟင်..."

ညွှန်း ကျောင်းဆင်းတော့ အိမ်သာတက်ချင်လာတာမို့ ပြေးသွားနေတာနဲ့ တစ်‌ယောက်တည်းကျန်ခဲ့ပြီး သူငယ်ချင်းတွေကို သွားနှင့်ခိုင်းလိုက်တာ။ကိစ္စဝိစ္စတွေပြီးတော့ အိမ်ပြန်ဖို့လုပ်တော့ ကျောင်းဆောင်ထဲမှာ တွေ့လိုက်ရသူကြောင့် အံ့ဩသွားရတယ်။

မွေ့သံလွင်...သူ့ကိုကြည့်ရတာ ထီးမပါလို့ မိုးတိတ်တာကိုစောင့်နေဟန်ပင်။

"မွေ့သံလွင်...ထီးမပါလာလို့လား၊"

ညွှန်းဘက်ကပင် အလိုက်တသိမေးလိုက်တော့ မွေ့သံလွင်က လှည့်ကြည့်လာတယ်။တော်သေးတာပေါ့ အဖက်မလုပ်ပဲ ချေခံရမယ်မှတ်တာ။

"အင်း..."

"ငါနဲ့အတူပြန်မလား၊ငါလိုက်ပို့ပေးမယ်လေ၊"

"ဟင့်အင်း ရတယ်၊မိုးတိတ်မှပြန်လိုက်ပါမယ်၊"

အံမယ် တေမိကိုယ်တော်လေးက ထူးထူးဆန်းဆန်း စကားတွေပြန်ပြောနေပါလားဟေ ထီထိုးရမယ်။

"မိုးက တော်တော်နဲ့မတိတ်နိုင်ဘူးရော်၊ကဲပါ ပြန်ရခက်နေတာကို အတူမပြန်ချင်ရင် ငါ့ထီးယူသွား၊"

"ဟင်...ဒါဆို မင်းကကော..."

"အမလေး ငါက မိုးရေတအားကြိုက်တာလေ၊လွယ်အိတ်ကို သေချာလုံအောင် ထုတ်ပြီးပြီမို့ မိုးရေချိုးပြီးပြန်မှာကွ၊အဲ့တော့ ယူသွား...မနက်ကြမှ ပြန်ယူလာပေးပေါ့၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now