၃၇

268 11 2
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၃၇)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"မွေ့သံလွင်"

ညွှန်း ဆိုင်ကောင်တာမှာထိုင်နေတုန်း လာရပ်တဲ့အရိပ်ကလေးကြောင့် မော့ကြည့်မိတော့ မွေ့သံလွင် ဖြစ်နေရဲ့။

"မင်းနဲ့စကားခနပြောချင်လို့၊"

"ရတယ်လေ ထိုင်...ငါလာခဲ့မယ်၊"

ကြားသားမိုးကြိုး ညွှန်းနဲ့စကားပြောချင်တယ်ဆိုတဲ့ မွေ့သံလွင်ကြောင့် အံ့ဩမိတာတော့ အမှန်။

လုပ်လက်စ စရင်းကိုလက်စသတ်ခဲ့ကာ မွေ့သံလွင် သွားထိုင်တဲ့ စားပွဲဝိုင်းမှာ သူနဲ့မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်တယ်။

"ပြော ဘာကိစ္စ၊"

"မင်းကို မေးစရာရှိလို့၊မင်းမှာ ဟိုးကတည်းက မွေးထားတဲ့ ကြောင်မလေးရှိတယ်မလား၊"

"သဲတုံလား အင်း ရှိတယ်လေ၊"

"အဲ့ဒါ...သူတို့ကို ဘယ်လိုတွေပြုစုပြီး ဘာတွေကျွေးရလဲဆိုတာ သိချင်လို့၊အဲ့ဒါ အဆင်ပြေရင်ပြောပြ၊"

ကုန်တိုက်ဘက်ကို အလုပ်ကိစ္စနဲ့လာရင်း ညွှန်းစစ်တောင်းရဲ့ဆိုင်ရှေ့မှအဖြတ်...ဂူးဂူးတို့သားအမိအတွက် မေးချင်စိတ်ဖြစ်လာလို့ ဝင်လာခဲ့တာ။

ဘယ်လိုပဲ ညွှန်းစစ်တောင်းနဲ့မပတ်သက်ချင်ဘူးဆိုပေမယ့် သူက ကိုယ့်ထက် ကြောင်မွေးသက်ပိုရင့်တာမို့ အများကြီး အကူညီရစေမှာပင်။အွန်လိုင်းမှာ ရှာဖတ်လို့ရပေမယ့် တကယ်မွေးဖူးသူလောက် စေ့စပ်မည်မထင်။

"ရတယ်လေ ပြစုတာကတော့ ဒီလိုပဲ၊သန့်ရှင်းရေးလုပ်ပေးလိုက်၊သူတို့နဲ့ ကစားလိုက်ပေါ့၊နေမကောင်းရင်တော့ ဆေးခန်းပြေးပြလိုက်၊အစာကျွေးတာကတော့ သေချာရွေးရတယ်၊အိမ်က မယ်မင်းကြီးမက သိပ်ချေးများသလို သူ့အတွက် အာဟာရဖြစ်မှာတွေကို သေချာရွေးချယ်ရတယ်၊မင်းသိချင်ရင် သဲတုံကိုကျွေးတဲ့ တံဆိပ်တွေထဲက ကောင်းတာတွေကို ပုံရိုက်ပြီး မက်ဆေ့ပို့ပေးလိုက်မယ်၊"

"အိုကေ...ငါ့ဖုန်းနံပါတ်ရှိလား၊"

"ဟင့်အင်း နံပါတ်ပေး၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now