၁၂

294 22 8
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၂)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"ချစ်သူရဲ့လက်ကလေးကိုဆွဲပြီး လမ်းလျှောက်ရတဲ့ဖီလင်က သောက်ရမ်းမိုက်တယ်နော်၊"

ကျောင်းဆင်းပြီး အိမ်မှာ အဝတ်အစားပြန်လဲပြီးတော့ နေကြည်က မုန့်လိုက်ကျွေးမယ်ဆို‌လို့ ညွှန်းတို့ ခြေလျင်ပင် လမ်းထိပ်ကိုထွက်လာခဲ့ကြတယ်။

သူ့လက်ဖဝါးကျယ်ထဲမှာ လက်ချင်းယှက်သွယ်လျက် ညွှန်းရဲ့လက်သေးသေးတုတ်တုတ်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ ကြည်ကြည်နူးနူးပြောလာပုံက သဘောကျစရာ။

"ငါရောပဲ မင်းက ငါ့လက်ကိုကိုင်ထားပြီး ငါ့ချစ်သူဖြစ်နေပြီဆိုတဲ့အသိက ရင်ထဲမှာ လိပ်ပြာအကောင်တစ်သိန်းလောက် ပျံနေသလိုပဲ အူယားတာ၊"

"ဘာရယ်...မင်းက ငါမဟုတ်တဲ့ ဘယ်လိပ်ပြာတွေကို ရင်ထဲထည့်နေတာလဲ၊မင်းရဲ့ချစ်သူက ငါလေ၊"

"ဟောဗျာ..."

ရုတ်တရက်ကြီး သဝန်ထတိုလေတဲ့ နေကြည်ကြောင့် ညွှန်းမှာ ရယ်ရငိုရခက်။နေကြည်ဟာလေ ပေါက်ပေါက်ရှာရှာ သဝန်သိပ်တိုတတ်တာပဲ။

"စကားအဖြစ်ပြောတာကို ဟွန့်..."

ညွှန်းက စိတ်ဆိုးဟန်ပြုပြီး လက်ဖြုတ်ဖို့လုပ်ပေမယ့် နေကြည်က ခွင့်မပြု။ညွှန်းရဲ့လက်ကို မလွှတ်ပဲ ဆုပ်ကိုင်ထားလျက်...

"ချစ်လို့စတာကိုကွာ၊"

"ဟွန့်...တစ်လက်စတည်း ပြောထားရဦးမယ်၊သဝန်အရမ်းတိုတတ်တဲ့သူမျိုးကို ငါမကြိုက်ဘူးနော်၊"

"သဝန်တိုတာချစ်လို့ဆိုတာတော့ သိထားသင့်ပါရဲ့၊"

"ချစ်တာထက် မယုံကြည်တာလို့ပဲ ငါကတော့မြင်တယ် နေကြည်၊အဲ့လိုဆိုလို့ သဝန်မတိုရဘူးမပြောပါဘူး၊ဥပမာ အကြောင်းမသိတဲ့သူတွေနဲ့ တိုမိတာမျိုးကရတယ်၊အေး ငါ ငယ်ငယ်ကတည်းက ပေါင်းလာပြီး ခင်နေပြီးတဲ့ သာကျော်တို့...သန့်သန့်တို့လို လူတွေနဲ့ မတိုဖို့ပြောတာ၊"

"မတိုဘူးလေ သူတို့နဲ့၊"

"ဥပမာပါဆို..."

စကားပြောရင်းဆိုရင်း မုန့်ဆိုင်ကိုရောက်လာတော့ စကားလမ်းကြောင်းက တစ်ခြားကို ရောက်သွားရပြန်တယ်။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Donde viven las historias. Descúbrelo ahora