၃၁

282 14 1
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၃၁)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

ရုံးကပါလာတဲ့ စရင်းတွေကို စစ်ပေးနေရင်း မောင်ဖျော်ပေးခဲ့တဲ့ ကော်ဖီခွက်ကို အမြတ်တနိုးသောက်နေမိတဲ့ မွေ့။

မောင်ကတော့ ကိစ္စလေးရှိသည်ဟုဆိုကာ အပြင်ခနထွက်သွားလေရဲ့။

///တီတောင်လ်...တီတောင်လ်...///

အလုပ်လုပ်နေတုန်း အိမ်ရှေ့မှ ဘဲလ်တီးသံကို ကြားလိုက်ရတာမို့ မွေ့လည်း လက်ပ်တော့ကို ပိတ်ကာ ထွက်လာခဲ့တယ်။

ခြံတံခါးကိုဆွဲဖွင့်ပေးလိုက်တော့ တွေ့လိုက်ရတဲ့ လူတစ်ယောက်။

"ဘာကိစ္စရှိလို့လဲမသိဘူး၊"

"ဒီအိမ်က မွေ့သံလွင်ရဲ့အိမ်လားမသိဘူး၊ကိုယ် သူနဲ့တွေ့ချင်လို့ပါ၊"

"ဟုတ်ကဲ့ ကျွန်တော်က မွေ့သံလွင်ပါ၊"

"အာ...ဟုတ်လား၊ကိုယ့်ကို အချိန်ခနလောက်ပေးလို့ရမလားနော်၊"

မွေ့လည်း သူ့ကိုမသိပေမယ့် ကြည့်လိုက်တော့ ရည်ရည်မွန်မွန်ပဲမို့...

"ခြံထဲကိုကြွပါ၊"

အိမ်ထဲအထိမဖိတ်ခေါ်မိပဲ ခြံဝန်းထဲမှ ဒန်းစင်ကိုသာ ဖိတ်ခေါ်မိတယ်။ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်နဲ့ အိမ်ထဲမှာ စကားပြောချင်စိတ်မရှိ။

"ကိုယ့်နာမည်က လင်း,ပါ၊"

"ဟုတ် ဘာကိစ္စရှိလို့လဲ၊"

"မွေ့သံလွင်က အန်တီသံသာအေးရဲ့သားမဟုတ်လား၊"

ရုတ်တရက် မထင်မှတ်ထားတဲ့ မေမေ့နာမည်ကို မေးလာတာမို့ မွေ့ အနည်းငယ်တော့ စိတ်ဝင်စားသွားကာ နဂိုထက် ကျောပိုမတ်သွားရရဲ့။

"မေမေ့ကို သိနေတာလား၊"

"ဆိုပါတော့၊‌ကိုယ်အခုလာတာကလည်း မင်းရဲ့မေမေနဲ့ပတ်သက်တဲ့ကိစ္စပါပဲ၊"

"ဟုတ် ပြောပါ၊"

အစက ကိုယ်မသိတဲ့လူတစ်ယောက်နဲ့ စကားပြောရတာ ဖီလင်မလာဆပမယ့် အခုတော့ မေမေ့အကြောင်းဆိုတာနဲ့ပဲ မွေ့ စိတ်ဝင်တစားဖြစ်မိရတယ်။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Tahanan ng mga kuwento. Tumuklas ngayon