[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၃၀)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
မြို့တစ်ခုလုံးကို အပေါ်စီးမှမြင်နိုင်တဲ့ အထပ်မြင့်မိုးမျှော်တိုက်တစ်ခုရဲ့ အပေါ်ဆုံးလွှာ။ညအချိန်အခါမို့ လင်းထိန်နေတဲ့ လျှပ်စီးမီးရောင်တွေနဲ့ ထိန်လင်းနေတဲ့ မြို့ပြရဲ့ညဟာ အသက်ဝင်စွာ။ဝိုင်တစ်ခွက်ကို ဇိမ်ယူသောက်ရင်း ဦးတေးသံစစ်လည်း အတွေးမှာ မျောလွင့်မိတယ်။
သားလေးနှစ်ယောက်...သူပျိုးထောင်ပေးခွင့် မရလိုက်တဲ့ သူ့သားလေးတွေ။အခုအချိန်လောက်ဆို ၂၀,၂၀ကျော်အရွယ်တွေ ဖြစ်နေရောပေါ့။
"ဆရာ..."
သူ့ရဲ့ညာလက်ရုံးဖြစ်တဲ့ Lynn(လင်း)က သူ့ရှေ့မှာရပ်ရင်း ဦးညွတ်တာမို့ သူက မေးဆတ်ပြလိုက်တော့ လင်းက သူ့ရှေ့မှ ခုံမှာ နေရာယူရဲ့။
"အခြေအနေဘာထူးလဲ လင်း၊"
"ဟုတ် ထူးတယ် ဆရာ၊ဆရာ စုံစမ်းခိုင်းထားတဲ့ အမျိုးသမီးနှစ်ယောက်လုံးက ဒီမြို့မှာပဲ နေခဲ့ကြပြီး အခုတော့ တစ်ယောက်က ဆုံးသွားတာကြာပါပြီ၊တစ်ယောက်ကတော့ အေးအေးချမ်းချမ်းနဲ့ ရှိနေပုံပါပဲ၊"
"သူ့လိပ်စာကော သိလာရပြီလား၊"
"စုံစမ်းနေဆဲပါ ဆရာ၊အရင်နေရာမှာ မနေတော့ပဲ ပြောင်းသွားတဲ့နေရာသစ်ကို ဘယ်သူမှသိပ်မသိကြတော့ စုံစမ်းရခက်နေတာပါ၊ဒါပေမယ့် ၂၄နာရီအတွင်း သိစေရပါမယ်၊"
"ကောင်းပြီ၊"
လင်းက အသက်ငယ်ငယ်ရွယ်သလိုပဲ ထက်မြက်ကာ လျင်မြန်ပါးနပ်မှုကလည်း အပြည့်။တော်တော်များများကိစ္စတွေဆို ဦးတေးသံစစ် ဝင်ပါစရာမလိုအောင်ကို အားကိုးရတယ်။
"ငါ့သားတွေရဲ့နာမည်ကော သိပြီလား၊"
"သိခဲ့ပါတယ် ဆရာ၊ဓာတ်ပုံတော့မရခဲ့ပေမယ့် သူတို့အကြောင်းတွေကို လင်း ဆရာ့ကို မေးလ်ပို့ပေးထားပါတယ်၊"
"အိုကေ လုပ်စရာရှိတာသွားလုပ်လို့ရပြီ၊တစ်ခုခုဆို ချက်ချင်းဖုန်းဆက်၊ငါ့သားတွေနဲ့တွေ့ရဖို့ ဘယ်လောက်ကုန်ကုန် ပေးစရာရှိတာပေးပစ်၊"
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)