၃၃

232 13 2
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၃၃)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"သာကျော်!!"

"ညွှန်း..."

သာကျော်က ညွှန်းဆီကို အပြေးလေးလှမ်းလာလျက်...

"ညွှန်း"

ညွှန်းကို သူ့ရင်ခွင်ထဲမှာ နစ်မြုပ်နေသည်အထိ ခပ်တင်းတင်းလေးပွေ့ဖက်ထားလေတယ်။အိပ်မက်မဟုတ်ဘူးဆိုတာသိလိုက်ရတော့ ညွှန်း ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ။ဘာတွေဘယ်လိုဖြစ်သွားလဲမသိတော့ပေမယ့် သာကျော် မသေဘူးဆိုတဲ့အသိက ပျော်လွန်းလို့ မျက်ရည်ကျစေတယ်။

"ငါတို့ဝတုတ်လေးက အရင်လို ဖက်လို့ကောင်းနေသေးလိုက်တာ၊"

"မင်းနော်..."

သာကျော်က ညွှန်းကို သူ့ရင်ခွင်ထဲကနေ ခပ်ဖွဖွဆွဲထုတ်ကာ ညွှန်းရဲ့ပါးနှစ်ဖက်ကို တယုတယအုပ်ကိုင်လျက်...

"နည်းနည်းပိန်သွားသလိုပဲ ညွှန်းရယ်၊"

"အခုတလောအလုပ်နည်းနည်းများလို့၊"

"ပြီးမှ ညွှန်းကြိုက်တဲ့မုန့်အစုံလိုက်ဝယ်ကျွေးရမယ်၊"

"ကဲပါ နောက်မှကျွေး၊လာ ထိုင်ဦး၊"

သန့်သန့်တို့ဧည့်ခန်းထဲမှာ ထိုင်စေလိုက်သည်အထိ သာကျော်က ညွှန်းရဲ့လက်ကို ဆုပ်ကိုင်ထားတာမလွှတ်။

"ဘယ်လိုတွေဖြစ်ခဲ့တာလဲ ပြောဦး၊ငါတို့ကိုယ်တိုင် မီးသင်္ဂြိုလ်ပေးခဲ့တာကို၊"

"အဲ့ဒီနေ့က ငါ့အလောင်းကို မီးသင်္ဂြိုလ်ဖို့ စက်ထဲကိုထည့်ဖို့ အတွင်းကိုပို့လိုက်ချိန်မှာ တခြားအလောင်းတစ်ခုပါရှိနေတယ်လေ၊အဲ့ဒီ့နေ့က အသုဘနှစ်ခုတစ်ပြိုင်တည်းလိုဖြစ်သွားတာ မှတ်မိတယ်မလား၊"

"အေး အချိန်မှားပြီးရောက်လာကြတာလေ၊မင်းက အရင်ဝင်သွားရတာ၊"

"အဲ့ဒီမှာ ငါ့ကိုသင်္ဂြိုလ်ဖို့လုပ်ခါနီးမှာ ငါနှလုံးပြန်ခုန်လာပြီး သတိပြန်ရလာတာ၊အဲ့ဒီ့ကလူတွေက သတိပေးဖို့လုပ်ပေမယ့် အဲ့ကဝန်ထမ်းတစ်ယောက်က ဝန်ထမ်းအစစ်မဟုတ်ပဲ ငါ့ကိုကားနဲ့တိုက်ခဲ့တဲ့လူဖြစ်နေပြီး ငါ့ကိုကယ်ခဲ့တာ၊သူပဲ ငါ့ကို ဆေးကုပေးခဲ့တယ်၊ငါအတိတ်မေ့သလိုလိုဖြစ်နေခဲ့တာနဲ့ပဲ အခုထိအချိန်ကြာသွားတာ ညွှန်း၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now