၁၀

335 26 10
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၀)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"ညကျ နွေးနွေးထွေးထွေးဝတ်အိပ်နော် ကြားလား၊အဲလ်ကွန်းပိတ်အိပ်၊"

အာပူလျှာပူပန်းကန်ထဲကို သံပုရာသီးညှစ်ထည့်ရင်း ပြောလာတဲ့ ညွှန်းကိုကြည့်ကာ နေကြည် ပြုံးမိတယ်။နေကြည် ညွှန်းအတွက် ရေနွေးကြမ်းကို ငှဲ့ထည့်ပေးလျက်...

"စိတ်ချပါ ဆေးလည်းထပ်သောက်မှာဖြစ်သလို အနွေးထည်လည်းဝတ်မယ်၊အဲလ်ကွန်းလည်း ပိတ်မယ်၊"

"ပြီးရော၊စားစား ဖျားနေတဲ့အချိန်မှာ ပူစပ်ပူစပ်လေးစားလိုက်ရရင် အဖျားသက်သာတယ်၊"

နေကြည် အမှန်တော့ အပူအစပ်မစားပါ။သို့ပေမယ့် ညွှန်းကို ပြောထားတဲ့အတိုင်း ကျောင်းဆင်းတော့ မုန့်လိုက်ကျွေးတာ ညွှန်းက အာပူလျှာပူစားမည်ဆို၍ပင်။

ထိုတော့လည်း ညွှန်းနဲ့အတူ လိုက်စားပေးရပြန်တယ်။

"အန်တီ့ ပဲကြော်လေးတစ်ရာဖိုးလောက် ထပ်ထည့်ပေးပါဦး၊"

ညွှန်းက ပဲကြော်သိပ်ကြိုက်ပုံပင်။အာပူထဲကို ပဲကြော် ခနခနထည့်ခိုင်းတယ်။

"ငရုတ်သီးက တအားစပ်တယ်နော်၊ဗိုက်အောင့်ဦးမယ်၊အစာအိမ်ရှိတယ်မလား၊ဂရုစိုက်ဦး ညွှန်း၊"

"ဟုတ်တယ်၊ကိုကိုနဲ့မေကြီးဆို ငါ့ကို အာပူလျှာပူမစားခိုင်းဘူး၊အခုမှပဲ စားရတော့တယ်၊ပြီးမှ ဆေးသောက်မယ်လေ၊မင်းလည်း ပြန်မတိုင်နဲ့ နော်၊"

နေကြည် ခေါင်းညိတ်ကာပြုံးပြလိုက်တော့ သဘောတကျရယ်ရင်း အာပူကို အားရပါးရ‌စားလေတဲ့ ညွှန်းရယ်ပါ။

နေကြည်ကတော့ တို့တိတို့တိသာစားဖြစ်တယ်။အာပူလျှာပူထဲထည့်စားရတဲ့ ငရုတ်သီးငပိထောင်းက နည်းနည်းလေးထည့်စားတာတောင်မှ စပ်တာလွန်ရော။ညွှန်း ဘယ်လိုများ စားနိုင်ရပါလိမ့်။ညွှန်းကိုကြည့်ရတာ နဖူးမှာလည်း ချွေးတွေ စို့လို့။

ညွှန်းမှာ တစ်ရှူးပါတာမို့ နေကြည် လှမ်းယူကာ ညွှန်းရဲ့နဖူးကို ထိသုတ်ပေးတော့ ညွှန်းက မော့ကြည့်ကာ ရယ်ပြလာလေရဲ့။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now