၁၈

266 19 3
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၈)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

ညွှန်း စိတ်ထဲ သဝန်တိုခြင်းအလျဉ်းရှိမနေပါ။သို့ပေမယ့် ကိုယ့်မျက်စိရှေ့မှာ ကိုယ့်ချစ်သူကို သူ့ကိုကြိုက်နေတဲ့သူက ဖက်နေတာကို တစ်မျိုးဖြစ်တာတော့ အမှန်ပင်။

"မွေ့ ရရဲ့လား၊"

"ရ...ရတယ် နေနေ၊ငါ လန့်သွားလို့..."

နေကြည့်ကို မော့ကြည့်ကာ ပြုံးပြလိုက်တဲ့ မွေ့သံလွင်ရဲ့အပြုံးလှလှကလေးက ညွှန်းရဲ့စိတ်ကို ပိုရှုပ်ထွေးစေတယ်။

ဟင် ဆရာ...

မွေ့သံလွင်တို့ကို ခပ်ဆွေးဆွေးငေးနေတဲ့ ဆရာ့ကိုမြင်တော့ ညွှန်းမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ။ညွှန်းထက် ဆရာ့ကို ပိုအားနာတယ်။ဆရာ့ကို ခေါ်လာပြီးတော့ စိတ်ဒုက္ခပေးသလိုဖြစ်နေလား။

ညွှန်း ချက်ချင်းပင် ဆရာ့အနားပြန်လှည့်ပြေးကာ...

"ဆရာ...ညွှန်း..."

"‌သံလွင်က နေကြည်ကို ချစ်နေတာလားဟင် ညွှန်း၊"

ဆရာမေးလာတဲ့အမေးကို ညွှန်းမှာ ‌ပြန်ဖြေဖို့ ဆွံ့အသွားရတယ်။ဆရာ ရိပ်မိနေတာလား။

"ဆရာ..."

"နာကျင်နေတော့မှာပဲ သံလွင်ရယ်၊ပိုင်ရှင်ရှိပြီးသားလူကိုမှ ချစ်နေတယ်၊"

ငိုချင်နေတာကို ထိန်းထားဟန်ရှိတဲ့ ဆရာကြောင့် ညွှန်းမှာ မနေတတ်တော့။မွေ့တို့နဲ့က အနည်းငယ်လှမ်းတာမို့ စကားတွေကို မကြားနိုင်သော်လည်း လှည့်ကြည့်လာကြသည်မို့။

"နေကြည် ငါတို့တခြားနေရာသွားရအောင်၊ဒီမှာ မနေချင်တော့ဘူး၊"

"ဟင် ဘာလို့လဲ ညွှန်း၊"

"သွားမယ်ဆိုသွားရအောင်ပါ၊အကယ်လို့ မင်းတို့နေချင်လည်းနေခဲ့လို့ရပါတယ်၊ဆရာ ညွှန်းတို့ ရေခဲမုန့်သွားစားရအောင်၊ဆရာဝယ်ကျွေး နော်..."

ဆရာ့ကို အာရုံပြောင်းစေဖို့ ကြိုးစားရတော့မယ်။ညွှန်းထက် ကိုယ့်ဆရာကို စိတ်မညစ်စေချင်ပါ။ညွှန်းက အဲ့လောက် ကိုယ့်ခံစားချက်ကို ဦးစားမပေးတတ်ပါ။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now