[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၁၄)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
"အန်တီ ဒါလေးတစ်ထောင်ဖိုးလောက်၊"
မျက်စိရှေ့မှာမြင်နေရတဲ့ အဖြူရောင်ဂွမ်းအနွေးထည်ပွပွလေးနဲ့ အဖြူရောင်ကောင်လုံးလေး။အနီရဲရဲသိုးမွှေးဦးထုပ်လေးကို ဆောင်းထားသေးတာ။
"ဆက်ဆက်..."
သိဒ္ဓိ ခေါ်လိုက်တော့ အိန္ဒိယဘယာကြော်သည်ဆီမှာ စိတ်ဝင်တစားရှိနေတဲ့ အဖြူကောင်လေးက ဆတ်ခနဲ သူ့နောက်ကို လှည့်ကြည့်လာတယ်။
သိဒ္ဓိ အနားကဆိုင်တစ်ခုမှာ မုန့်ဝယ်နေရင်း သူ့ကိုလှမ်းမြင်လိုက်လို့ ရောက်လာခဲ့တာ။
"ကိုကြီးသိဒ္ဓိ"
သိဒ္ဓိကို မြင်တော့ သွားဖွေးဖွေးညီညီလေးတွေ ပေါ်အောင် ပြုံးပြလာတယ်။
"တစ်ယောက်တည်းလား ဆက်ဆက်၊"
"ဟုတ်ကဲ့ ဆက်ဆက်က တိုက်ခန်းမှာ တစ်ယောက်တည်းနေတာလေ၊အဲ့ဒါ ပျင်းလို့ လမ်းလျှောက်ရင်း မုန့်ထွက်ဝယ်တာ၊ကိုကြီးသိဒ္ဓိကကော..."
"ကိုယ်က မအိပ်ချင်သေးလို့ ညွှန်းအတွက် လိုအပ်တဲ့မုန့်တွေလာဝယ်တာ၊အစက မနက်မှဝယ်မို့၊"
"ဪ...ကိုကြီးသိဒ္ဓိက ညွှန်းကို သိပ်ချစ်ပုံပဲနော်၊"
ခုနက သူမှာနေတဲ့ ဘယာကြော်ကရပြီမို့ ဆက်ဆက်က လှမ်းယူပြီး တစ်ခုကို နှိုက်စားလေရဲ့။ည၉နာရီကျော်ခါစမို့ လမ်းပေါ်မှာ လူကမပြတ်သေး။ညဈေးသည်တွေနဲ့ စည်ကားနေဆဲ။
"ချစ်တာပေါ့၊ကိုယ့်မှာ ဒီညီလေးပဲရှိတာ၊ညွှန်းက မွေးကတည်းက နည်းနည်းချူချာတယ်လေ၊သူ့အစာအိမ်က မကောင်းသလို နှလုံးကလည်း နည်းနည်း အားနည်းတယ်၊သူဖျားပြီဆိုရင် နှလုံးခုန်နှုန်းက ပုံမှန်လူထက် တော်တော်မြန်တာ၊"
"နှလုံးရောဂါက ကြောက်ဖို့ကောင်းတယ်၊ဆက်ဆက်ရဲ့ဖိုးဖိုးဆို Heart Attack နဲ့ ရုတ်တရက်ကြီး ခေါက်ခနဲ ဆုံးသွားတာလေ၊"
"အဲ့ဒါပြောတာလေ၊ညွှန်းကို ကိုယ်တို့က အဲ့ဒါကြောင့် တော်ရုံဆို မဆူမငေါက်ဘူး၊သူက ခံစားလွယ်လို့၊သူငိုမှာစိုးတယ်၊ဖူးဖူးမှုတ်ထားကြရတာ၊ချစ်တာလည်းပါတာပေါ့၊"
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)