၃၅

270 12 1
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၃၅)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

လွန်ခဲ့သော ၇နှစ်ခန့်က...

"ဟျောင့် အဲ့ကောင်က တော်တော်လေးမာနကြီးတယ်လို့ သတင်းကြားတယ်၊မင်းသူ့ကိုသိလား၊"

သူရလင်းထင် စာလုပ်နေတုန်း ကြားနေရတဲ့ စကားသံသဲ့သဲ့။ဘာရယ်မဟုတ် လူ့သဘာဝ သိချင်တဲ့စပ်စုစိတ်လေးနဲ့ သူတို့ပြောနေတဲ့သူကို လှမ်းကြည့်မိတော့ မျက်နှာလှလှလေးက သူရရဲ့မြင်ကွင်းထဲ ဝင်လာရဲ့။

ယောက်ျားလေးတစ်ယောက်က အဲ့ဒီလောက်တောင် အကြည့်မလွှဲချင်းစရာကောင်းတဲ့အထိ လှနိုင်တယ်တဲ့လား။ချောတာတွေလှတာ‌တွေ နားမလည်သူမို့ သူရ သူ့ကို လှတယ်ဟုသာသုံးမိ၏။

အဝေးကမြင်နေရုံနဲ့ နုဖတ်အုအက်နေတဲ့ အဖြူလုံးလေးက ချစ်စရာအတိ။ယောက်ျားချင်းပင် ငေးမောချင်ရသည်အထိ ဆွဲဆောင်မှုရှိလွန်းတယ်။

သူ့ကို သူရ သိတာပေါ့။သူ့ရဲ့နာမည်က မွေ့သံလွင်တဲ့လေ။မသိပဲနေရိုးလား။သူက ကျောင်းမှာ ပေါ်ပြူလာဖြစ်သလို သူရရဲ့တစ်ဦးတည်းသော Crush။

ဟုတ်တယ် သူရက ယောက်ျားချင်းကြိုက်နေမိတဲ့‌သူတစ်ယောက်။

သူ့ကို သူရ ဘာလို့ကြိုက်သလဲဆိုရင် သူရမှာ အကြောင်းပြချက်ရှိမနေပါ။သူရဲ့နေပုံထိုင်ပုံ၊လမ်းလျှောက်ပုံကအစ သူ့ဖြစ်တည်မှုတိုင်းကို သဘောတကျနဲ့ ကြည့်လေ မြတ်နိုးရလေ။

"သူရလင်းထင် ငါသတိထားမိနေတာကြာပြီ၊"

သူငယ်ချင်းဖြစ်သူ ဇော်ထွန်းက ပြောလာတော့ သူရလည်း သူ့ကိုငေးနေရာမှ အကြည့်လွှဲရင်း...

"ဘာကိုလဲ၊"

"မင်း...မွေ့သံလွင်အပေါ်မှာ ရိုးရဲ့လား၊"

"ဘာ...ဘာလို့တုန်း၊"

ဇော်ထွန်းရဲ့စကားကိုကြားလိုက်တာနဲ့ သူရမှာ မလုံမလဲခြင်းများစွာနဲ့ ကတုန်ကရင်ဖြစ်လာရတယ်။

"မသိဘူးလေ မင်းကိုကြည့်လိုက်တိုင်း သူ့ကိုချည်း ငေးကြည့်ကြည့်နေလို့၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now