[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၂၂)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
"နေနေ ရော့..."
နေနေက TVကြည့်နေရင်းမှ လှည့်ကြည့်ကာ ပြုံးလျက် မွေ့ ခွံ့ကျွေးတဲ့ ပျားလိမ္မော်သီးကို စားတယ်။
"ချိုလား၊"
"ချိုပေမယ့် မွေ့ရဲ့အပြုံးကိုမမီဘူး၊"
နေနေ့စကားကိုကြားတော့ မွေ့လည်း သဘောတကျရယ်လိုက်မိကာ မျက်စောင်းလေး တစ်ချက်ပစ်လိုက်မိတယ်။
ဘယ်လိုပဲ ဆေးခတ်လုပ်ယူထားတယ်ဆိုဦး။အတုအယောင်ဖြစ်ပါစေ ဒီအခြေအနေလေးကို မွေ့ ကြိုက်တယ်။
"ညဉ့်နက်နေပြီ မပြန်သေးဘူးလား၊"
"ဘာလဲ မွေ့က ကိုယ့်ကိုမနေစေချင်တော့လို့လား၊"
"မဟုတ်ပါဘူးနော်၊နေနေ့အိမ်က စိတ်ပူနေကြမှာစိုးလို့လေ၊သူတို့ဖုန်းဆက်တာလည်း မကိုင်ထားတော့..."
နေနေက မွေ့ရဲ့နှုတ်ခမ်းပေါ်ကို သူ့လက်ညှိုးလေးကပ်ကာ မွေ့ရဲ့စကားတွေကို ရပ်တန့်စေပြီး...ဆတ်ခနဲပင် သူ့နံဘေးကပ်ထိုင်နေတဲ့ မွေ့ရဲ့ပေါင်ပေါ်ကို ခေါင်းအုံးကာ အိပ်လာလေရဲ့။
"ချစ်လွန်းလို့ မွေ့အနားမှာပဲ နေချင်တယ်၊ကျန်တာမတွေးချင်ဘူးကွာ၊"
"အမလေးဗျာ ဒီကောင်လေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့၊"
နေနေ့ကို ကြည့်ပြီး မွေ့ အသည်းယားလွန်းစွာ။နေနေ့ပါးလေးနှစ်ဖက်ကို လက်ဖြင့်အုပ်မိုးကာ ဘယ်ညာလှုပ်ယမ်းမိတယ်။
"မွေ့ မင်းကိုငါသိပ်ချစ်တယ်နော်၊"
"ငါကပိုချစ်တာတော့ သိထားပေး၊"
"နေပါဦး...ပိုချစ်တယ်ဆို နာမ်စားတစ်ခုခု ခေါ်ကြမလား၊"
"နာမ်စား..."
မွေ့က သံယောင်ပြုကာ လိုက်ရွတ်မိတော့ နေနေက ခေါင်းညိတ်ကာ ထထိုင်ရင်း မွေ့နဲ့မျက်နှာချင်းဆိုင်လျက်...
"မွေ့ ကိုယ့်ကို ဘယ်လိုခေါ်ချင်လဲ၊"
"ခေါ်ချင်တာလား..."
YOU ARE READING
RomanceLove Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)