ရွေနန်းထက်က..နွယ်တစ်ခက်

3K 73 2
                                    

မောင်ဆိုသော အမျိုးသမီးနဲ့စတင်ခဲ့သည့် ပုံပြင်လေးတစ်ပုဒ်။ပါးစပ်ရာဇဝင်လေးထဲက အမျိုးသမီး တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ။

နွယ်ပင်လေးတစ်ပင်။ သိပ်ကိုလှတဲ့နွယ်ပင်လေးတစ်ပင်။ သူ့မှာအကျည်းတန်တဲ့ အပြစ်အနာအဆာရှိတယ်။ သူ့မှာပြန်ဆယ်မရတဲ့ သိက္ခာတွေတစ်ပိုးတစ်နင့်နဲ့။ လောကကြီးကိုပျက်ရယ်ပြုပြီး လောကဓံတွေခါးစောင်းတင်ခဲ့တဲ့နွယ်ပင်တစ်ပင်ပေါ့။

နှစ်သက်ခြင်း၊သဘောကျခြင်း၊ယုယခြင်း၊ဂရစိုက်ခြင်း၊ ချစ်ခြင်းမေတ္တာ..။သူတစ်ခါမှမခံစားဖူးတဲ့အချင်းအရာတွေကို စာစီပြရရင် နွေးထွေးခြင်းဆိုတဲ့ခေါင်းစဉ်ကနေစရမယ်တဲ့။ နွေးထွေးခြင်းဆိုတဲ့အစချီစကားလုံးအောက်က ဘယ်မေတ္တာကိုမှသူမထိတွေ့ခဲ့ဖူးသလို ထိတွေ့ဖို့တောင်မတောင်းဆိုခဲ့ဖူးဘူး။မတန်တာမို့လို့။ သူကမတန်ဘူးမို့လို့။

•••••••••

မိခင်ရဲ့ချစ်ခြင်း။ ညီမငယ်ရဲ့ချစ်ခြင်း။ ကြင်သူရဲ့ချစ်ခြင်း။ သူခံစားဖူးရဲ့လား။ သူခံစားမိရဲ့လား..။ဟင့်အင်း..။ တစ်စက်ကလေးကိုမှ။

အချစ်ဆိုတာ တစ်ကယ်ရှိရဲ့လား..။

" သူ့အမေကမိန်းမပျက်လေ..သူနဲ့မပေါင်းနဲ့..သူ့အမေလိုယောက်ကျားတစ်ကာနဲ့နေတဲ့သူဖြစ်သွားလိမ့်မယ်..။"

" ဘယ်လိုပေရည်တဲ့ကလေးလဲ..သွားသွား..၊ ငါ့သမီးနဲ့လာမဆော့နဲ့..၊ သူနဲ့မဆော့ပါနဲ့လို့ အမေဘယ်နှစ်ခါပြောရမလဲ..။"

" ရုပ်ကလေးကတော့လှပါရဲ့..၊ ဒီလိုရုပ်ရည်က ယောက်ကျားတစ်ကာနဲ့ နှီးနှောနေမှာတွေးမိတော့ ကျုပ်ရင်လေးပါတယ်တော်..။"

အသက်၁၂နှစ်အရွယ်ကလေးတစ်ယောက်ကိုအများသူငှာရှုံ့ချနေတဲ့စကားလုံးတွေ။ ဟုတ်တယ်။ အဲ့ဒါသူဘဲ။ လူတိုင်းရွံ့တဲ့လူတိုင်းမသတီတဲ့၁၂ကလေးကသူပါပဲ။နင့်သီးတဲ့စကားလုံးရဲ့တိုက်ခိုက်မှုကြားမှာမျက်ရည်မကျနိုင်တော့တဲ့ကလေးက သိပ်သနားစရာကောင်းတယ်မလား။သူ့မှာအဓိပ္ပာယ်မဲ့တဲ့မျက်ဝန်းတွေနဲ့လူတွေကိုလိုက်ကြည့်တယ်။ လူတွေရဲ့လက်ညိုးတွေအကုန် သူ့နားဝဲဝဲလည်နေတယ်။ သူကရွံ့စရာလား။ သူရဲ့ဖြစ်တည်မှုက ဘယ်နေရာချို့ယွင်းခဲ့တာလဲ။ မိန်းမပျက်တစ်ယောက်ရဲ့သမီးက မိန်းမပျက်ဘဲဖြစ်လာမယ်တဲ့လား။ငိုချပစ်ချင်ပေမဲ့ မျက်ရည်မကျနိုင်တော့တဲ့အကြောင်းအရင်းကို သိချင်မိသေးတယ်။

သို့/ မောင်Where stories live. Discover now