" သမီးနွယ်..။"" ဟမ်..၊ အော်..မေညို..ထိုင်လေ။"
ပန်းခင်းနံဘေးကသစ်သားခုံမှာထိုင်နေတဲ့နွယ်ကနေရာအနည်းငယ်ရွေ့ပေးတယ်။ နံဘေးကိုဝင်ထိုင်လာတဲ့မေညိုကမျက်နှာမကောင်းသလို..သက်ပြင်းရိူက်သံတိုးဖွဖွတွေကိုလဲ ကြားနေရတော့ သူမနေတတ်တော့ပေ။
" သမီးနွယ်..။"
" နွယ်နားထောင်နေပါတယ် မေညို၊"
မေညိုခေါင်းတစ်ဆက်ဆက်ညိမ့်ပြီး နွယ့်ဆီက
နေပန်းခင်းဆီအကြည့်လွဲသွားတယ်..။" မောင်ကသိပ်ဆိုးတယ်မလား..။"
ခဏသာတိတ်ဆိတ်သွားတဲ့လေပြင်လေးနဲ့ မေညိုနဲ့နွယ့်အကြား အေးစက်စက်လေထုတွေကရစ်သိုင်းလာတယ်။
" အင်း..။ ဆိုးတယ်။"
နွယ်ရဲ့ဆိုနေကြလေသံလေးအတိုင်းတိုးဖွဖွလေးသာဆိုလာတယ်။ဒီကလေးမလေးကသိပ်ဖြူစင်တာ။ ဒီလိုဖြူစင်တဲ့ကလေးမလေးကို ပိတ်သားအမဲတွေ သွေးတွေနဲ့ဖုံးနေတဲ့သူတို့ရဲ့ မျက်နှာဖုံးကမ္ဘာလေးထဲခေါ်လာမိတာ။ဒါပေမဲ့ ဒီကလေးမလေးကဘဲ မောင့်ကိုပြောင်းလဲပေးနိုင်မှာ..။ဒါကြောင့်သူလူဆိုးမကြီးဖြစ်သွားရရင်တောင် ကျေနပ်ပါတယ်။
" ဒါပေမဲ့..၊ ချစ်တယ်မလား..မောင့်ကို သမီးချစ်တယ်မလား..။"
လူကြီးတစ်ယောက်ရဲ့ရှေ့သူဒီအမေးကိုပြန်ဖြေသင့်လား အနည်းငယ်စဉ်းစားလိုက်ပြီး သိမ်မွေ့သောလေသံလေးဖြင့်
" နွယ်..မောင့်ကိုသိပ်ချစ်တာပေါ့။"
" မေညို ဒီစကားပြောဖို့တောင်ရှက်ပါတယ်..၊ ဒါပေမဲ့..မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သမီးအတွက်ဒီစကားကိုပြောရမှာ..။ "
စကားပလ္လင်ခံနေတဲ့မေညိုကြောင့် နွယ်စိုးရွံ့စိတ်ဖြစ်လာတယ်..။ မေညိုရဲ့လက်နှစ်ဖက်ကိုအုပ်ကိုင်လိုက်ပြီး ခပ်သာသာခေါင်းငြိမ့်ပြမိတော့ စိတ်သက်သာသလိုပြုံးရင်း မေညိုကဆိုတယ်။
" မေညိုကိုကတိတစ်ခုပေးနိုင်မလား..၊ မောင့်ကိုလက်ထပ်လိုက်ကတည်းကနေအခုချိန်ထိ သမီးတည်ခဲ့တဲ့ကတိကိုဘဲတောင်းမှာ..."
![](https://img.wattpad.com/cover/333657600-288-k404342.jpg)
YOU ARE READING
သို့/ မောင်
Romance°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°