ကျွန်မက သန်မာဖို့မကြိုးစားခဲ့တာပါ...
နွေးထွေးမှု့ဆိုတာလေး ခံစားချင်လို့~
••••••••••
"မောင်.."
မျက်လုံးများဖွင့်လို့ ဦးဆုံးမြင်ရသူဟာ မောင်ဖြစ်ပါစေဟု..ဆုတောင်းလေးဟာ..ပြည့်ခဲ့သယောင်။
အဖျားဒဏ်ကြောင့် ဝေးဝါးစွာ မြင်သည်ဟု ထင်မိသဖြင့် လက်ဖြင့် မျက်လုံးများဖိပွတ်ကြည့်သော်လည်း ပျောက်ကွယ်မသွားလေသော မောင်ရယ်။
ပျော်သော်လည်းဘဲ..မောင်၏ ခတ်ထန်မာကျောလေသော..သွင်ပြင်ဟာ..ပျော်သော အပျော်..ကြာကြာမခံလိုက်နိုင်တော့။"မောင်...ငါ..ငါအကြာကြီးအိပ်နေမိလို့ စိတ်ဆိုးသွားတာလား..။ အခုသွားတော့မယ်နော်..။"
"ကျစ်!!.."
လှဲနေရာမှကုန်းရုန်းထလာသောအခါမောင်၏အလိုမကျသဖွယ် စုတ်သပ်သံကြောင့် ထိုပုံစံလေးအတိုင်းဖြင့် မောင့်ကိုမော့ကြည့်မိသည်။
"ငါနင့်ကို ဘာပြောရသေးလို့လဲ..နွယ်..."
"ဘာမှမပြောရသေးပါဘူး..မောင်.."
ထဟန်ပြင်ထားနေသော နွယ်ကိုယ်လေးပြန်နိမ့်ကျသွားသည်။
"ရွံဖို့ကောင်းတဲ့မျက်နှာမလုပ်နဲ့..အကျီလှန်ပြီး မှောက်အိပ်နေ.."
"ဟမ်..။ ထပ်..ထပ်ရိုက်အုံးမလို့လား..မောင်..။ငါ..ငါဘာမှားသွားလို့လဲ..။ အိပ်နေမိလို့လား..။ မောင်လာတာမကြိုလို့လား..။ ဘာ..ဘာလို့လဲ..။"
ကြောက်စိတ်ကြောင့် ကုတင်ကိုထောက်ထားသည့်လက်နှစ်ဖက်တုန်ရီစွာ ညွှတ်ကျချင်နေသည်။
တုန်ယင်နေသောအသံနှင့် အတူနွယ့်မျက်ဆံညိုအတွင်းမှ အကြောက်တရားများထင်ဟပ်နေသည်။ရိပ်မောင်..နွယ်၏ထိုသို့သောပုံစံကို အလိုမကျစွာ ဒေါသသံဖြင့် အော်လိုက်သည်။
"နားကန်းနေလား..နွယ်!!..လူလိုပြောရင်လူလိုသိလေ.."
မောင်၏ ကျယ်လောင်စွာ ဟိန်းထွက်နေသော အသံရှရှကြောင့်..ခန္ဓာကိုယ်ငယ်မှာ တဆက်ဆက်တုန်ယင်လာသည်အထိ မောင့်ကိုကြောက်လေသည်။ မောင်၏စကားကို ကျွန်မဘယ်တုန်းက ငြင်းဆန်ဖူးပါသလဲ။
YOU ARE READING
သို့/ မောင်
Romance°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°