Part-20

653 50 2
                                    

"အရူး..။"

နွယ့်ဆံပင်ကိုဖွနေတဲ့ ဒိုင်းလက်ကို နွယ်ဖယ်ချရင်းပြောတယ်..။ မျက်နှာလေးကတော့ ဝင်းပနေပြီး
ဒိုင်းပြန်ပေါ်လာခြင်းကိုနှစ်သက်နေပုံ။

" ဟား..ဟ။ အတ္တကချစ်စရာလေး.."

"သိပါတယ်..။"

ကိုယ့်အလှကိုယ် ဂုဏ်ယူနေတဲ့ ကောင်မလေးမှာ
စိတ်တိုစရာမကောင်းဘဲ ချစ်ချင်စရာတာကောင်းပါတယ်။

ဒိုင်းရှေ့ဝေ့ဝဲ‌သွားတဲ့ အတ္တလက်လေးမှာ တုန်ယင်နေဟန်နှင့် ဒိုင်းမသက်ာသကဲ့သို့ အတ္တလက်ကို ဆွဲယူလိုက်တယ်။

"အာ့..နာ..နာတယ်ဒိုင်း..။"

အားပါသွားတဲ့ ဒိုင်းလက်မှာ ချက်ချင်းအတ္တလက်လေးကို လွတ်ချလိုက်တယ်။

" ဘယ်လိုဖြစ်တာလဲ..အတ္တ..။ အဲ့အပူလောင်ဒဏ်ရာက..."

" ငါဂရုမစိုက်လို့ဖြစ်တာ..ဘာမှ...မဖြစ်ဘူး။"

" ဘာကိုလဲ..အတ္တ..။ အဲ့လောက်နီရဲနေတာကို..ဘာကိုဘာမှမဖြစ်တာလဲ..။ မဖြစ်ဘူး..ဆေးခန်းသွားပြရအောင်.."

"ဟင့်အင်း..။ "

"အတ္တ..။"

ဆွဲခေါ်ရာနောက် လိုက်မပါလာဘဲ ထိုနေရာတွင်သာ အတ္တရပ်မြဲတိုင်းရပ်နေတယ်..။ မော့ကြည့်လာတဲ့ မျက်ဝန်းညိုညိုထဲမှာ..အကြောက်တရားတွေ..
ဒီကလေးမ..ဘာကိုကြောက်နေဝာာလဲ..။

"မောင်..။ မောင်စိတ်ဆိုးလိမ့်မယ်..။"

အတ္တနူတ်ခမ်းပါးလေးမှ စီကျလာတဲ့ မောင်ဟူသောစကားလုံးဝယ် မည်သူကိုရည်ညွန်းမှန်းဒိုင်းနားလည်သဘောပေါက်လိုက်သည်။ အတ္တလက်ကိုဆွဲထားသည့် ဒိုင်းလက်မှာ သိမ်ငယ်မှု့အားလျော်စွာ လွတ်ကျသွားသည်။

" သူ‌က..အတ္တကိုဂရုမစိုက်ဘူးလား..။ "

မျက်ဆန်ညိုညိုလေးများ အရောင်မှိန်သွားသည်။
နေရောင်ကိုတိမ်စိုင်ကွယ်၍ မှိန်သွားခြင်းလားသို့မဟုတ်
တစ်စုံတစ်ခုကြောင့် မှေးမှိန်ခြင်းလားဆိုသည်ကို
နွယ်သာ နားလည်လိမ့်မည်။

" သူမသိဘူး..။"

ကိုယ့်အမြတ်တနိုးသက်ရှိလေးသည် သူတစ်ပါးလက်ထဲ ညိုးငယ်နေသည်ကို..မြင်ရခြင်းမှာ..ခံရသူအဖို့ ငရဲတမျှဖြစ်လိမ့်မည်။

သို့/ မောင်Where stories live. Discover now