မေတ္တာဆိုတာ အသွားအပြန်ရှိတယ်တဲ့..
ငါတော့..မယုံဘူး..မောင်...
•••••••••
"သံစဉ်နဲ့..နန်းနန်း..နင်တို့ဘယ်လောက်လွန်မှန်းသိလား..။"
ဆိုဖာပေါ်တွင်..ဟန်ငြိမ်း..သံစဉ်ဦးနှင့်..သွယ်နန်းစက်..တို့မှာ..မွေးနေ့ပွဲအတွက်ပြင်ဆင်ရင်း..ဟန်ဟန်၏ စကားသံမှာ မတိုးမကျယ်ထွက်ပေါ်လာသည်။သံစဉ်နှင့်နန်းစက်မှာ နှစ်ယောက်သားအကြည့်ချင်းဆုံ ပုခုံးပြိုင်တူတွန့်ပြသည်။
"အဆင့်အတန်းအလိုက်ပြောတာ..ငါတို့မမှားဘူးဟန်ဟန်..။"
နန်းနန်း၏ ခပ်အေးအေးလေသံမှာ သူ့အမှားတစ်ခုမှမပါသည့်တိုင်။
"နဂိုထဲက..အဲ့အမပုံက..ငယ်ငယ်ဆီကကပ်စားပုံရတယ်..တော်တော်ခယနေတာ..။"
သံစဉ်၏..ရယ်သံနှောသည့် ဘောက်ဆက်ဆက်
လေသံကြောင့်..ဟန်ငြိမ်းခနတာ ငြိမ်သက်သွားသည်။ ပြန်၍ မော့ကြည့်လာသော ဟန်ငြိမ်း၏ အကြည့်များမှ ခက်ထန်ပြီး ဒေါသထွက်နေသယောင်။"နင်တို့အဲ့လိုပြောလိုက်လို့..တစ်ဖက်သားရဲ့..ဘဝ..သူရဲ့ဖြစ်တည်မှု့ကိုဘယ်လောက်သိမ်ငယ်စေသလဲသိလား..ပါးစပ်ကနေဘဲပြောလိုက်တာပါ..ဘာမှဖြစ်သွားတာမှမဟုတ်ဘဲဆိုတဲ့ စိတ်ကူးမျိုးနဲ့မရဘူး .နန်းနန်းနဲ့သံစဉ်..ကိုယ်ချင်းစာတရားဆိုတာ..နှလုံးသားကလာတာ...ကိုယ်ချင်းစာတရားမရှိရင်နေပါ..တစ်ဖက်သားကိုမစော်ကားနဲ့..."
ချာကနဲလှည့်ထွက်သွားသော..ဟန်ငြိမ်း၏ ဒေါသထွက်နေသောပုံစံကြောင့် နှစ်ယောက်သားဆွံ့အကာ အကြည့်ချင်းစုံလို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အဖွဲ့ထဲတွင်အအေးဆုံးဖြစ်လေသော ဟန်ငြိမ်းသည်ပေါင်းလာသော တစ်လျှောက်လုံးမှာယခုလိုဒေါသထွက်တာမျိုးမရှိခဲ့။
"ဟဲ့..ဟန်ဟန်စိတ်ဆိုးသွားပြီဘယ်လိုလုပ်ကြမလဲ"
"သံစဉ်..နင်ဘောက်ဆက်ဆက်ဖြေလို့ဖြစ်ရတာ နင်ချော့လိုက်..။"
"ဟာ..သူလက်ညိုးထိုးသွားတာနှစ်ယောက်လုံး..နင်ကောမပြောလို့လား...။"
ငြင်းခုံနေကြသော..လူနှစ်ယောက်နှင့်ငြိမ်သက်နေသော မိန်းကလေးတစ်ယောက်ရှိနေပြန်သည်။
လက်ထဲမှ အိတ်အမဲလေးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပြီး အတွေးများဟာ ချာချာလဲနေသည်။
YOU ARE READING
သို့/ မောင်
Roman d'amour°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°