Part-25

1.6K 64 5
                                    


တိတ်ဆိတ်နေတဲ့အိမ်ကြီးထဲမှာ tvသံတစ်ချို့သာဆူညံနေလေသည်။ ‌နွယ်တစ်ယောက် ရေနွေးအိတ်ကို ဆီးစပ်ပေါ်တင်ရင်း..ဓမ္မတာစက်ဝန်းကိုကြိတ်မှိတ်ခံရပြန်တယ်။ အသက်ရူလိုက်တိုင်းထိုးအောင့်လာတော့ သူ့မျက်နှာလေးလဲ ချောင်ကျပြီးနွမ်းလို့နေပြီ။

မေညိုကလဲ အလုပ်ကိစ္စတစ်ချို့ကြောင့် လာတာမို့လို့ ညနေ‌အထိဘယ်သူမှပြန်ရောက်မလာကြသေး။
နေ့လည်ကတော့ မေညိုဝမ်းပန်းတသာနဲ့ ဖုန်းဆက်ခဲ့ပါသေးတယ်..။ မောင်ကနွယ့်ပြင်ဆင်ပေတဲ့မနက်စာကိုနှစ်သက်ပါသတဲ့..။

တစ်ခါတစ်လေကျရင်..မောင်ကသိပ်ထူးဆန်းတယ်။ ရွံ့တယ်ပြောပြီး အသားယူတတ်တယ်။ မသတီဘူးပြောပြီး တို့ထိတတ်တယ်။ မနှစ်သက်ဘူးပြောပြီး နမ်းရှိုက်တတ်ပြန်တယ်..။ အဲ့သလို..အဲ့သလို ခန့်မှန်းရခက်ရချေတယ်။

" ဘာလို့...ဘာလို့ ဖောက်ပြန်ခဲ့ရတာလဲ..၊ ကျွန်မဒီလောက် ဘဝတစ်ခုလုံးပုံအပ်ပြီး ချစ်ခဲ့တာတောင်ဘာလို့ဖောက်ပြန်ခဲ့ရတာလဲ..။"

ကျယ်ကျယ်လောင်လောင်အော်ဟစ်သံကြောင့်နွယ်tvကိုဝင့်ကြည့်မိတယ်..။ နာနာကျင်ကျင်ငိုနေတဲ့ မိန်းမတစ်ယောက်က သူ့လက်တစ်ဖက်မှာ အဝတ်အိတ်ထုတ်ကို မြဲမြဲကိုင်ထားသေးပြန်တယ်။
ထိုမိန်းမရဲ့ပုံစံကိုကြည့်နေတဲ့ ယောက်ကျားရဲ့မျက်နှာမှာဝောာ့ မည့်သည့်ဖြေရှင်းချက်မှပေးမည့်ပုံမပေါ်သလို သူမမှားသကဲ့သို့ တည်ငြိမ်နေလျက်။

" နာတယ်..ရှင်ရယ်..၊ ဘဝနဲ့ရင်းပြီးချစ်ခဲ့ရလို့ ပိုပြီးရင်‌တွေကွဲမတတ်နာတယ်...၊ ရှင်မို့လို့လုပ်ရက်ရတယ်လို့..။"

" မင်းကထွက်သွားမယ်..၊ အဲ့ဒါလေးအတွက်ဒီလောက်ဖြစ်ပျက်နေတာ မင်းငါ့ကိုတကယ်‌
ကောချစ်ခဲ့ရဲ့လား..ဟမ်..။"

" ရှင့်ကိုဘယ်သူကိုမှမချစ်ခဲ့ဖူးတဲ့အချစ်နဲ့ချစ်ခဲ့တာ..၊ ဒါပေမဲ့ ရှင့်လုပ်ရက်တွေကိုနည်းနည်းမှခွင့်မလွတ်နိုင်ဘူး...၊ထွက်သွားမှာ..ရှင်ဆိုတဲ့ဖြစ်တည်မှု့ကြီးမေ့သွားတဲ့အထိ..အဝေးကြီးထွက်ပြေးပစ်မယ်..၊ ရှင်လဲ ကံကောင်းပါစေ..ထပ်တူသောအကျိုးကိုမခံစားရစေနဲ့..။"

သို့/ မောင်Where stories live. Discover now