မောင်ပေးတာမို့လို့ ထင်ပါရဲ့..
နာကျင်ပေမဲ့..
လက်ခံမိတုန်းဘဲ...•••••••••••••
"သူဆိုတာသေချာလား..."
"သတို့သမီးဝတ်စုံဝတ်ထားတာ ဘယ်နှစ်ယောက်ရှိလို့လဲ ဒီတစ်ယောက်ဘဲ..."
"အိပ်ပျော်နေပြီဘဲ..မေ့ဆေးပေးစရာမလိုဘူး..မင်းခေါ်ခဲ့ ငါလူကြည့်ထားမယ်.."
"အေး.."
ယောက်ကျားနှစ်ယောက်၏စကားသံတိုးတိုးတိုးတိုးမှာ ကြားရပေမဲ့ မျက်လုံးများဖွင့်၍မရသလို အိမ်မက်လားလက်တွေ့လားသဲကွဲခြင်းမရှိသည်မို့ ဂရုမစိုက်မိခဲ့ပါ။
'တကယ်လို့သာ..ကျွန်မနည်းနည်းများပိုဂရုစိုက်ခဲ့ရင်..ဒီရင်ဘက်...အဲ့လောက်နာခဲ့မှာမဟုတ်ဘူး..'
မျက်နှာကိုလာပတ်ဖြန်းသည့် အေးစက်စက်ရေကြောင့် မျက်လုံးများ အလန့်တကြားဖွင့်ကြည့်မိသောအခါ မဲမှောင်နေသော အခန်းမှာ နွယ်ရှိသည့်နေရာကိုသာ မီးထိုးထားသည်။ အမှောင်ထဲမှ လက်တစ်စုံကို မြင်တွေ့လိုက်ရပြီး ပြန်ပျောက်ကွယ်သွားပေမဲ့ ကြက်သီးများ ထလာပြီးကြောက်ရွံ့စိတ်များအတိုင်းအဆမရှိတော့။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား..သတို့သမီးလေး.."
မာထန်ပြီးအက်ကွဲသည့် ယောက်ကျားတစ်ယောက်ရဲ့အသံမှာ သူမနားထဲပျံ့လွင့်လာပြီး ခြေဖျားလက်ဖျားများပင် အေးစက်ထုံကျင်သွားသလို ကြောက်စိတ်များပိုတိုးလာသည်။
"ရှင်..ရှင်ဘယ်သူလဲ..."
"ငါဘယ်သူလဲမင်းသိစရာမလိုဘူး..မင်းသိရမှာက..ပါးစပ်ပိတ်နေပြီး ငြိမ်ငြိမ်နေဖို့ဘဲ..ဟား..ဟ"
ကျယ်လောင်သောရယ်သံဟာ အခန်းတစ်ခုလုံးဟိန်းထွက်လာ၏။ ကြောက်လွန်းလို့ တကိုယ်လုံးတုန်ယင်နေပြီး အနောက်မှ လက်နှစ်ဖက်ဟာလည်း ချည်နှောင်ထားခြင်းခံရသောအခါ ခြေထောက်များကိုအသုံးပြု၍ နောက်ကိုတဖြေးဖြေးဆုတ်မိသည်။အနောက်မှ မာကျောသည့်အရာတစ်ခု
ထိတွေ့လိုက်ရသည်မို့ နေရာမကျန်တော့မှန်း ခန့်မှန်းမိလိုက်သည်။"ငါတို့တော့...ကံကောင်းတာဘဲ..သေချာကြည့်ရင် မင်းလေးကတကယ်ချစ်ဖို့ကောင်းတာဘဲ..."
YOU ARE READING
သို့/ မောင်
Roman d'amour°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°