Part-12

475 33 1
                                    

ငါကအရူး..
မောင့်ကိုရူးသွပ်နေတဲ့အရူး..

••••••••••••••••

ယသွန်မျက်နှာလွဲချပြီး သက်ပြင်းဖွဖွရိူက်တယ်။

"အားနည်းနေတယ်..အရမ်းကိုအားနည်းနေတာ နွယ်လေး။ ဂရုစိုက်လို့..ယသွန်းအတန်တန်မှာထားရဲ့နဲ့..။"

နှလုံးရောဂါ‌အဆင့်ထိတောင်ရောက်လာတော့မယ်လို့ သူပြောမထွက်ခဲ့ပါ..။ အံတင်းတင်းကြိတ်ထားမိလို့ သူ့အသံ ပုံမှန်မဟုတ်မှန်း နွယ်လေးသဘောပေါက်မိမှာပါ။

"နောက်ပြီး..။"

လက်နှစ်ဖက်နဲ့မျက်နှာ ခပ်ကြမ်းကြမ်းပွတ်သပ်ပစ်ပြီး မျက်နှာကိုအုပ်ထားလျက်နဲ့ စားပွဲပေါ်တံတောင်ဆစ်ထောက်လိုက်တယ်။ဖုံးအုပ်ထားတဲ့လက်တွေကြားက တုန်တုန်ရီရီနဲ့ထွက်လာတဲ့အသံသူ့အသံ‌ကြောင့်နွယ့်မျက်ဆံလေးတစ်ချက်လှုပ်ခတ်သွားတော့တယ်။

"နွယ်လေးမှာ..စိတ်ကျရောဂါရှိနေပြီ..။"

စားပွဲပေါ်တင်ထားတဲ့လက်လေးကို ဆုပ်ထားရာက‌ဖြည်ချလိုက်တယ်..။ အနည်းငယ်ကျယ်သွားတဲ့မျက်ဝန်းလေးလဲ ပြန်မှေးစင်းသွားပြီး..နူတ်ခမ်းပါးထောင့်စွန်းလေးကလဲ သိသိသာသာကွေးညွတ်သွားဝောာ့တယ်။

"အင်း..။ အဲ့လိုကို..။"

ခပ်နွမ်းနွမ်းအပြုံးလေး ယသွန်းတစ်ဝိုက်ပျံ့လွင့်လာပါသော်လည်း အထီးကျန်ခြင်း..နွမ်းလျခြင်း..
ပင်ပန်းခြင်း..ထိုခံစားချက်များဟာ..ထိုအပြုံးနွမ်းနွမ်းလေးကဆင်းသက်လာတယ်။

ဒီအနေအထား..။ ဒီစကားလုံး..။ ဒီပုံစံက အရှုံးပေးလိုက်‌တော့သလို..။ အရာရာကိုအလံဖြူထောင်ပြီး..ရှိပါစေတော့လေဆိုသလိုမျိုး..။

မဟုတ်ဘူး..။ နွယ်..နွယ်ကအဲ့လိုလွယ်လွယ်နဲ့အရှုံးပေးတဲ့မိန်းမမှမဟုတ်ဘဲ..။

"ဘာကို..အဲ့လိုလဲ..။ အဲ့ဒါဘယ်လောက်ဆိုးဝါးသလဲသိလား..။ ဟမ်.."

"သိတယ်..ယသွန်း..။ ကျွန်မသိတယ်..။"

ယသွန်း‌ဖြေလျော့လိုက်ဟန်နဲ့ သက်ပြင်းထပ်ရှိူက်ပြန်တယ်..။ ဘယ်နှစ်ကြိမ်လောက်သူခေါင်းထဲရိုက်သွင်းရအုံးမလဲ..မဆိုင်ဘူး..မဆိုင်ဘူး..သူက
နင်နဲဲ့လုံးလုံးမဆိုင်ဘူးလို့လေ။

သို့/ မောင်Where stories live. Discover now