ချိန်း..ကလိန်း!!
ကျယ်လောင်တဲ့မိုးခြိမ်းသံကြောင့်ဟန်ငြိမ်းစာဖတ်နေရာကအနည်းငယ်တန့်သွားရသည်။ ထို့နောက်မှန်အပြင်မှအငြိုးအတေးကြီးစွာဖြင့်သည်းသည်းမဲမဲရွာကျနေသည့် မိုးစက်များကိုကြည့်ရင်း..တစ်ဆက်တည်းသူ့တံခါးပေါက်ကို လှည့်ကြည့်မိသည်။
သူလှည့်ကြည့်သည်နှင့်တစ်ပြိုင်နှင့် ပွင့်လာသည့်တံခါးနောက်က ကောင်မလေးတစ်ယောက်ခေါင်းအုံးပွေ့ပိုက်လို့ဝင်လာသည်။
" ဒီနေ့ကောလား..ငယ်..။"
ငယ်ကမျက်နှာငယ်လေးနဲ့ဝင့်ကြည့်ကာ ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်လေသည်။
မိုးရွာလျှင်လည်းမိုးရွာလို့ဟူ၍ မီးပျက်လျှင်လည်းမီးပျက်လို့ဆိုကာ
သူ့အနားအရမ်းကပ်လွန်းတတ်သည့်ငယ်လေးက သူ့အပေါ်ဆိုးနွဲ့ချင်ဟန်ရှိသည်။သူ့တစ်ဖက်သို့ တိုးပေးတော့ ပြုံးပြုံးရွင်ရွင်နဲ့ သူ့ဘေးကိုဝင်လှဲသည်။" ဟန်ဟန်..။"
" အင်း..။"
ခေါင်းအုံးကိုလက်နှစ်ဘက်နဲ့ထောက်ရင်း ဟန်ဟန်ဖတ်နေသည့် စာအုပ်ကိုငယ်မျက်လုံးဝင့်ကြည့်လျှင်
" ဟန်ကအမြဲစာဖတ်နေတာ..မျက်လုံးထိခိုက်မှာမဆိုးဘူးလား..။"
ဟန်ငြိမ်းသည်သူ၏မူပိုင်ပုံစံအတိုင်းအကြည့်မလွဲဘဲရေငြိမ်လေးလိုအေးသည့်လေသံလေးနဲ့ပြန်ဖြေသည်။
" မဆိုးပါဘူး..ငယ်..၊ စာမျက်နှာလေးတစ်ခုချင်းဆီတိုင်းက ဟန့်ဘဝလေးတွေလေ..၊သူတို့တွေသာမရှိရင် ဟန့်ဘဝက အရောင်မရှိတဲ့သက်တံလိုဖြစ်သွားမှာပေါ့..။"
ဟန်ကဟန်ပီသတုန်းပါဘဲ..။ အရာရာကိုအကောင်းဘက်ကမြင်သလို..သူ့မျက်လုံးတွေထဲမှာအရာရာကအရောင်စုံတောက်ပနေတာ..။ သူ့ရဲ့စာအုပ်တွေကိုသိပ်မြတ်နိုးမှန်းစကားတောင်မလိုတဲ့အကြည့်တွေကသက်သေပြနေတာပါဘဲ..။ ဒါကြောင့်လဲသူဟန်ကိုသဘောကျမိနေတာ..။ သဘောကျတာနဲ့ချစ်တာနဲ့ကွာခြားတယ်လို့ သူယုံကြည်နေသေးသ၍ဟန့်ကိုမချစ်ပါဘူး..။
" ဟန်က..လှတယ်..။"
ဒီတစ်ခါတော့ဟန်သူ့ကိုလှည့်ကြည့်ခဲ့ပါသည်။ ဟန့်မျက်နှာနုနုကိုမေးထောက်လို့ အကျအနငေးနေတဲ့သူ့ပုံစံကိုမြင်တော့ ဟန်သဘောကျသလိုတိုးဖွဖွရယ်လေသည်။ ဟန်သိလေသလားတော့မသိ..သူရယ်လိုက်တိုင်းပေါ်လာတဲ့သွားတက်တွေကသိပ်လှကြောင်းကို။
YOU ARE READING
သို့/ မောင်
Romance°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°