Part-18

597 41 5
                                    

ပိုလှတဲ့အမှတ်တရတွေမှာ..ပိုနက်တဲ့ဒဏ်ရာတွေများတယ်တဲ့..။

"အဘွားမေ..အဘွားမေ.."

ထူးသံမကြားသည့် တိတ်ဆိတ်နေတဲ့အိမ်ကိုတစ်ချက်ဝေ့ကြည့်ပြီး ဖိနပ်ချွတ်ရင်း အိမ်ထဲဝင်လာတော့ ည၉နာရီဟူသည့် အချိန်နှင့်အညီဗိုက်က မြည်လာသည်။ ‌ရေသောက်ရန်..မီးဖိုချောင်ထဲဝင်လာတော့..ကြောင်အိမ်ဘေးချိတ်ဆွဲထားသည့် ဖော့ဘူးသုံးဘူးကိုမြင်လိုက်နှင့် နွယ်မျက်ဝန်းလက်ကနဲဖြစ်သွားသည်။

တစ်ယောက်မှပြန်မရောက်သေးသည်မို့..ထမင်းကြော်တစ်ဘူးကိုယူ၍ စားပွဲပေါ်တင်ကာ
သေချာထိုင်ပြီး..မြည်းကြည့်သောအခါ..အလွန်မှအရသာရှိသည်။ တစ်ဇွန်းနှစ်ဇွန်းနှင့်သုံးဇွန်းမြောက်သောအခါ..တံခါးဖွင့်သံကိုကြည့်လိုက်ရသည်။ ထို့အသံနှင့်တစ်ဆက်တည်း အဘွားမေ၏န‌မောတသအသံမှာ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာသည်။

"အမလေး..ကုန်ပါပြီ..ကုန်ပါပြီ..မိနွယ်ညည်းဘယ်လိုလုပ်နေတာလဲ..ကြည့်စမ်း.."

ဇွန်းအမြဲချ၍ ပါးစပ်ထဲငုံထွေးရင်းပလုံပထွေးဖြင့်

"ဘာ..ဘာဖြစ်လို့လဲ..အဘွား..မေ"

"ဘာကိစ္စအဲ့ထမင်းဘူးကိုလာယူစားနေရတာလဲ..ဟမ်..အဲ့ဒါညည်းညီမအတွက်လေ.."

ထို့စကားကြောင့်နွယ်ကျန်နေသေးသည့်နှစ်ဘူးကိုပြန်ကြည့်၍ အဘွားမေကိုကြည့်ကာ

"သုံးဘူးဆိုတော့..နွယ့်..အတွက်များ..ပါမလားလို့"

"နှစ်ဘူးလုံး..ညည်းညီမအတွက်..သူခများပင်ပင်ပန်းပန်းနဲ့..စာလုပ်နေရတာ..ညည်းက..အလုပ်လေး ဟိုစပ်စပ်ဒီစပ်စပ်နဲ့..ဘာမှရေရေရာရာမရှိဘဲ..အချောင်ကစားချင်သေးတယ်.."

အဘွားမေထံမြဲနေသည့် မျက်ဆံလေးများ လှုပ်ခတ်တုန်ယင်သွားသည်။ထို့နောက်..သိမ်ငယ်သော အသံဖြင့် တိုးတိုးသာဆိုသည်။

"နွယ်..မနက်ကတည်းဘာမှမစားရသေးလို့ပါ အဘွားမေ.."

"နင့်ဟာနင်စားစားမစားစား..ငါနဲ့ဆိုင်သလား..
နင်ရှာတဲ့ အလုပ်ကရတဲ့ပိုက်ဆံနဲ့ငါတို့ဘာတွေဘယ်လောက်များစားနေရလဲ..နင့်မှာ ငါ့အိမ်ကိုနင်းဖို့တောင် အရှက်တောင်ရှိသေးလားဟမ်.."

သို့/ မောင်Where stories live. Discover now