ဆူညံနေသည့် ကားသံများနှင့် လမ်းမကြီးထက်ရူပ်ယှက်ခတ်နေသော..လူများမှာ..ပုရွက်ဆိတ်များနဲ့
သဏ္ဌာန်တူတော့မည်။ ဖုန်းထဲက.. location ကိုတစ်ချက်ကြည့်ပြီး..လမ်းမကြီးထက်လျှောက်လာသည်။ မသားနားသော်လည်း..အေးချမ်းဖွယ်သဏ္ဌာန်ဆောင်သည့် စာအုပ်တိုက်ကိုတစ်ချက်မော့ကြည့်၍ ဝင်လာခဲ့သည်။"အမောင်..ဒီဘက်.."
အပြင်ကမြင်ကွင်းကိုမှန်ဘောင်ဖြင့်ကာထားပြီး
အနည်းငယ်ယိုယွင်းနေသော သစ်သားထိုင်ခုံမှာထိုင်နေသည့် ဟေမဟာ၏ခေါ်သံကြောင့် ဟေမဟာအနားသို့ခပ်သွက်သွက်လျှောက်လာသည်။"ဒီလောက်..ညစ်ပတ်နေတဲ့နေရာကို..ဘာလို့ချိန်းတာလဲ.."
ညိုရိပ်မောင်တစ်ယောက် မျက်မှောက်ကျုံ့ရင်း
သစ်သားခုံကိုဆွဲယူပြီး..ထိုင်လျက်ပြောသည်။စားပွဲပေါ်တင်ထားသည့် ကိုလာဘူးကို မော့သောက်ရင်း..ဟေမဟာမေးထောက်ကာ..
"ရွှေဘုံစံမင်းသမီးက..ဒီလိုမျိုးနေရာတွေဘယ်
ကြိုက်ပါ့မလဲနော်..."မျက်မှောင်တစ်ကျုံ့ကျုံ့နှင့်စားပွဲခုံကိုတစ်ရူးဖြင့်
သုတ်နေသည့် အမောင်ကို ရွဲ့သလိုနှင့် ရယ်သံနှောနေသည့်အသံဖြင့်ပြောသည်။"ဘာကိစ္စလဲ..."
"ကိစ္စရှိမှခေါ်ရမှာလား..ဟင်.."
ရုပ်တည်ကြီးနဲ့သူမှာ..စိတ်လျော့လိုက်ဟန်ဖြင့် သက်ပြင်းကျယ်ကျယ်ချတော့..ဟေမဟာထပ်မစချင်တော့။
"ငါ..မာမီက..ဩစတြေးလျကိုပြန်လာဖို့ပြောနေပြီ..
ဒီမှာ..လက်ယားလက်ယားနေမဲ့အစား..သူ့အလုပ်ကို လာကူအုန်းတဲ့..."ဟေမဟာထိုင်ခုံကိုနောက်ကျောမှီရင်း..ဘယ်ဘက်လက်မှကိုလာကိုနောက်တစ်ငုံငုံပြီး အရေးမပါသလိုဟန်ဖြင့် ဆက်ပြောသည်။
"ဆိုတော့.."
"ရှေ့လလောက်ဖြစ်မယ်..အဲ့ဒါ..မင်းအလုပ်ကိစ္စနဲ့ပတ်သတ်ပြီး လေ့လာလို့ရအောင် လိုက်ခဲ့ဖို့ပြောမလို့"
ညိုရိပ်မောင်မကျေမချမ်းမျက်နှာထားဖြင့်
"အဲ့ကိစ္စအတွက်ဒီလိုနေရာအစုတ်အပျက်မှာချိန်းတယ်ပေါ့.."
YOU ARE READING
သို့/ မောင်
Romance°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°