Part-14

640 46 6
                                    

"နေရသက်သာရဲ့လား..နွယ်.."

ခေါက်ဆွဲပန်းကန်ပူငွေ့ငွေ့ကို လှောလန်ရင်း..ခေါင်းကိုညင်ညင်သာသာညိတ်လိုက်သည်။

"အိပ်ရာထတုန်းကထက် ပိုအဆင်ပြေပါတယ်.."

ထို့နောက်..ဟင်းရည်တစ်ဇွန်းကို ခပ်ယူပြီး အေးစေရန် အနည်းငယ်မှုတ်လိုက်ပြီး အနေတော်တော့မှ
ခံတွင်းအတွင်းစီးဆင်းစေသည်။ ချိုမြမြအရသာလေးဟာ..အရသာရှိလှသည်။

"အန်တီထားကို..မေးကြည့်သေးတယ်.."

နွယ်ဟာ ခေါင်းငုံ့နေရာမှ မျက်လုံးလှန်ကြည့်တော့ ယသွန်းအနည်းငယ်ပြုံးမိပြီး..

"နွယ်လေးက..အခုထိကို အစာမမှန်ဘူးတဲ့..နွားနို့တွေလည်း မသောက်လွန်းလို့..ခနခနသွန်ပစ်ရတယ်တဲ့..."

ဇွန်းဖြင့် ခေါက်ဆွဲကိုအနည်းငယ်မွေလိုက်ပြီး...
ပန်းကန်မှအကြည့်မခွာဘဲ နွယ်ပြန်ဖြေသည်။

"ကျွန်မ..ကျန်းမာရေးကအဆိုးကြီးလည်းမဟုတ်ပါဘူး..ဒါတွေကပုံမှန်ဖြစ်နေပြီ..."

ထိုစကားကိုခပ်အေးအေးဆိုသည်။ မျက်ဝန်းလေးများဟာသေနေလိုက်တာများ..‌ရေသေကန်ကြီးလို..။ယသွန်းနွယ်ထံမှအကြည့်လွဲလိုက်ပြီး နွယ်လေးသောက်ရမည့်ဆေးအချို့ကို ရွေးထုတ်နေ၏။ထိုမိန်းမဟာ ဒဏ်ရာလှလှလေးနှင့်သိပ်တူသည်။ လာပါ ချစ်လိုက်ပါဟု မဖိတ်ခေါ်သော်ငှားလည်း..စူးစူးနင့်နင့် ချစ်မိသွားခဲ့သောကြောင့်
ထိုဒဏ်ရာငယ်လေးကို ယသွန်းသိပ်မြတ်နိုးပါချေသည်။

စားသောက်လို့ပြီးစီးသောအခါ ယသွန်းကရေခွက်တစ်ခွက်နှင့်ဆေးအချို့ထားပေးခဲ့ပြီး..ပန်းကန်များကိုပြန်သိမ်းသွားသည်။ နွယ်စားပွဲပေါ်မှ ဆေးလုံးများကိုထွေထွေကြည့်နေပြီး..ထို့နောက်သက်ပြင်းတိုးတိုးချလိုက်သည်။ ကြောက်ပါသည်ဟုဆိုသော ဆေးများကို အာခံတွင်းထဲထည့်ပြီး ရေနှင့် ကြိတ်မှိတ်ပြီးမျိုချပစ်သည်။

ကိုယ်လေတစ်ဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီထင်ပါရဲ့..။ ဘယ်သူကြောင့်များဆေးလုံးတွေကိုမျိုချဖို့သတ္တိရှိလာခဲ့တာလဲ..။ မောင့်ကြောင့်ဘဲမလား..။

သို့/ မောင်Where stories live. Discover now