ဒုန်း!! ဒုန်း!! ဒုန်း!!
အသံ..။ ထုရိုက်သံ..တံခါးကိုကျယ်ကျယ်လောင်လောင်ထုရိုက်သံကြားရတယ်..။ ဘေးနားမှာ
ငိုရိူက်သံတွေလဲ မဲမှောင်နေတဲ့တစ်ခန်းလုံးကိုလွမ်းခြုံနေတယ်..။'တောင်ပန်ပါတယ်'ဆိုတဲ့စကားကိုအကြိမ်ကြိမ်ရေရွတ်နေသံတွေလဲ မဲမှောင်နေတဲ့အခန်းကြီးမှာပဲ့တင်ထပ်နေတယ်..။ သူ့နားတွေကိုလက်နှစ်ဖက်နဲ့အုပ်ပြီး နံရံထောင့်ကွေးဘက် ဆုတ်တထက်ဆုတ်လို့ ခန္ဓာကိုယ်ကိုစုကြုံ့ထားတယ်..။
'မဟုတ်ဘူး..ဒါတွေကအမှန်မဟုတ်ဘူး..၊မဟုတ်ဘူး'
"ဖွင့်စမ်း!! ဖွင့်ခဲ့စမ်း..၊ လွမ်းရိပ်မောင်..။"
လွမ်းရိပ်မောင်..လွမ်းရိပ်မောင်ကဘယ်သူလဲ..။ သူ့ဘေးမှာငိုနေတဲ့လူလား..။ သူက..သူက..။
" ဝောာင်းပန်ပါတယ်..၊ လွမ်းတောင်းပန်ပါတယ်..ပါး..၊ ဆက်မရိုက်ပါနဲ့တော့..။"
ရိပ်မောင်အနားကို အဲ့မိန်းကလေးက လေးဘက်ထောက်လို့လာတယ်။ မျက်ဝန်းတွေများ နီရဲတောက်နေတာ..။ ကျိန်းစက်နေလောက်မလား။
ရိပ်မောင်အနားရောက်တော့..ရိပ်မောင်တစ်ကိုယ်လုံးကိုရင်ခွင်ထဲထည့်ပွေ့ထားတယ်..။ ရိပ်မောင်မျက်လုံးကိုလဲ သူ့ရဲ့ဘယ်ဘက်လက်နဲ့အုပ်ထားတယ်။ တုန်နေတဲ့လေသံကိုထိန်းပြီးပြောလာတဲ့စကားသံက ထစ်ထစ်အအနဲ့..။" မကြည့်နဲ့နော်..၊ ဘာဘဲဖြစ်လာလာ..မျက်လုံးမဖွင့်ရဘူးနော်..၊ဟုတ်ပြီလား..။"
ရင်ထဲအစိုင်အခဲတစ်ခုစို့တက်လာသလိုခံစားနေရတယ်။ သူအသက်ရူကျပ်လာပြီး ရေဆာလာတယ်။
ချွေးစေးတွေပြန်နေသလိုခံစားရပြီး အမှောင်ထဲမှာပိတ်မိနေသလို။" ငါ!! ဒီကောင်မ!!..."
"အင့်!!..။"
လွမ်းခန္ဓာကိုယ်ပေါ်ကျရောက်လာတဲ့ပါးရဲ့ကန်ချက်တွေကြောင့်လွမ်းရင်ခွင်ထဲက မောင့်ကိုစုံစုံမြုတ်အောင်ဖတ်ပြီး ပါးကိုကျောပေးလိုက်တော့ ကန်ချက်တွေကနောက်ကျောဘက်ကိုဆက်တိုက်ကျလာတယ်။ ကန်ချက်တွေစိပ်လာပြီး ကျောရိုးတွေပြုတ်ထွက်လို့ ကျိုးကြေတော့မလို..။
" အာ့!!..နာ..တယ်..။ နာတယ်ပါး..။"
" ဘယ်သူ့အားကိုးနဲ့ ငါ့ကိုအာခံတာလဲ..၊ ဟမ်လွမ်း..၊ မင်းကိုမင်းဘာထင်နေလဲ..။"
YOU ARE READING
သို့/ မောင်
Romance°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°