" ငါ..ဘယ်မှာအိပ်ရမှာလဲ..မောင်။"
ခေါင်းအုံးတစ်လုံးရယ်..စောင်တစ်ထည်ရယ်နဲ့ သူလက်ထဲပွေ့ပိုက်ထားလို့..ကုတင်ရှေ့မှာ ရပ်နေရင်းမေးတယ်။ ကျယ်ဝန်းလှအခန်းရဲ့ မှန်အပြည့်ကာထားတဲ့ နေရာကဆိုဖာအနက်က မောင်စာရင်းတစ်ချို့ကို ကြည့်လို့ နွယ့်ကိုစောင်းငဲ့ကြည့်တယ်။
ကုတင်က နံရံနားကပ်ထားတာကြောင့်မောင်ဘယ်ဘက်အိပ်လဲ သူမသိတာမို့ မေးတာကို..မောင်က ပြန်မဖြေလာ..။ စာရင်းစာရွက်ကို တစ်ချက်ဆွဲဖြန့်လိုက်ပြီး မောင်ထလာတယ်..။ နွယ့်လက်ထဲက စောင်နဲ့ခေါင်းအုံးကို စောင့်ဆွဲယူလိုက်တော့
မောင့်အားက ပြင်းတာမို့ နွယ့်ကိုယ်လေးတောင် ယိမ်းသွားတဲ့အထိ..။"အာ့..။"
ဆွဲယူသွားတဲ့ပစ္စည်းများကို..အဝေးသို့လွင့်ပစ် ပစ်တယ်။ အဲ့နောက် နွယ့်ကိုအထက်စီးက မှေးစင်းတဲ့မျက်ဝန်းလေးနဲ့..မမှိန်မသုတ်ကြည့်ပြီး..ဘယ်ဘက်နူတ်ခမ်းထောင့်ကိုမောင်ကွေးညွတ်လိုက်တယ်။
" ငါက..မသန့်ရှင်းတဲ့လူနဲ့တစ်ကုတင်တည်း မအိပ်နိုင်ဘူး..။ အိပ်ချင်ရင်..ဝရံသာမှာသွားအိပ်..။ ငါ့အခန်းထဲကလေထုညစ်ပတ်တယ်..။"
မျက်လုံးဝိုင်းဝိုင်းလေးတွေ..တုန်ခါသွားတာကို ရိပ်မောင်မြင်လိုက်တယ်..။ အောက်နူတ်ခမ်းလေးကိုဖိကိုက်ပြီး ခေါင်းငုံ့သွားတယ်။ အရင်လိုလေးဘာအတွန့်တတ်တာမှမရှိဘူး..။အေးနေတာလား..အေးနေတော့ ဘာအရေးလဲ..။ သူနဲ့မှမဆိုင်ဘဲ..။
တစ်ဘက်တစ်ထည်ပုခုံးပေါ်ကို ဟန်ပါပါလှမ်းတင်လိုက်ပြီး..အရှေ့မှ ကောင်မလေးရဲ့ပုခုံးကိုတိုက်ကာ ရေချိုးခန်းထဲဝင်သွားခဲ့တယ်..။
နွယ်ဆိုတဲ့ကောင်မလေးကတော့ အဲ့နေရာလေးမှာဘဲမမှိန်မသုတ်..။ ခြေဖဝါးနုနုလေးတွေရဲ့ဦးတည်ချက်ကတော့ လေစိမ့်နေအောင်တိုက်တဲ့ဝရံသာဆီမှာ။သူဇနီးဆွဲလွင့်သွားတဲ့ စောင်နဲ့ခေါင်းအုံးလဲ ပြန်မကောက်ခဲ့တော့။
ဆွဲပစ်သွားတယ်ဆိုကတည်းက အဲ့အတိုင်းအိပ်လို့ ပြောလိုက်သလိုဘဲမို့ သူယူဖို့မစဉ်းစားချင်တော့တာ။ ဝရံတာကကြွေကပ်ထားပြီး..အိပ်ရန်ဘယ်လိုမှသင့်တဲ့အနေမထားမဟုတ်။
YOU ARE READING
သို့/ မောင်
Romance°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°