Part-15

580 52 7
                                    

နိုးထလာသည်နှင့်..ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်သောအခါ..နေ့လည်လောက်‌ရောက်နေ
လောက်ပြီထင်၏။ခန္ဓာကိုယ်ကို မှောက်လိုက်ပြီး ခေါင်းအုံးပေါ်တွင်မျက်နာအပ်ရင်း အချိန်အတန်ကြာအောင်..ငြိမ်သက်နေမိသည်။
ခန္ဓာကိုယ်ကအင်အား‌တွေချီနှဲ့နေပြီး..မောင့်ရင်ခွင်မှာအတိုးချငိုရိူက်ခဲ့တာကြောင့်..မျက်ခွံများလေးလံပြီး အိပ်ပျော်သွားခဲ့သည်ဖြစ်သည်။

နာရီကိုလှည့်ကြည့်သောအခါ..ညနေ၂နာရီကိုညွှန်ပြနေသည်။သက်ပြင်းဖွာဖွာရိူက်ရင်း ကုတင်ပေါ်မှဆင်းလိုက်ပြီး ရာသီဥတုကအနည်းငယ် အုံ့မိုးနေသည်မို့ ချမ်းစိမ့်စိမ့်နှင့်ကြောင့် အနွေးထည်အပါးလေးကို ပုခုံးပေါ်ထပ်တင်လိုက်သည်။ ရီဝေနေသည့် ခေါင်းကြောင့် ကော်ဖီတစ်ခွက်သောက်ရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။

ကျယ်ဝန်းသည့်မီးဖိုချောင်အတွင်း..ကော်ဖီမှုန့်ကိုရှာဖွေကြည့်သောအခါ စင်မြင့်ထပ်မှာမို့ မမှီတမှီဖြစ်နေ၏။ ခြေဖျားအနည်းငယ်ထောက်ပြီး လှမ်းယူသော်လည်း မမှီပေ..။အနောက်မှ ခပ်နွေးနွေးရင်ခွင်နှင့်နွယ့်ကျောပြင်ထပ်တူကျသွားပြီး နွယ်ထက်ရှည်သောလက်တံဖြင့် ကော်ဖီဘူးကို လှမ်းယူလိုက်သော သူဟာ မည်သူမှန်းနွယ်လှည့်မကြည့်ဘဲနှင့်တင်သိနိုင်သည်။ပိုင်ရှင်သိသော နှလုံးဟာ..
သံပြိုင်စုံလျက်။

အနောက်သို့ဖြည်းညင်းစွာလှည့်ပြီး မောင့်ကိုမော့ကြည့်ကာ..မဝံမရဲလေသံဖြင့်..

"မောင်..အလုပ်မသွားဘူးလား.."

ငုံမိုးကြည့်နေသော မောင့်၏ခပ်မှေးမှေးမျက်ဝန်း တည်တင်းသော မျက်နှာထားကြောင့် ခေါင်းကိုအလိုလို ငုံ့လိုက်မိသည်။မောင်က ငါ့အပေါ်သိပ်လွမ်းမိုးတယ်လို့ပြောရင်..ငါမမှားနိုင်လောက်ဘူး။

ကော်ဖီဘူးကို စားပွဲတွင်ချလိုက်ပြီး TVရှေ့ဆိုဖာအနက်ပေါ်တွင် မောင်သွားထိုင်သည်။
မည်သည့်စကားမှဖြေမလာဘဲ ဖန်စားပွဲပေါ်တွင်တင်ထားသည့် ‌စီးကရက်တစ်လိပ်ကို ထုတ်ယူပြီး တရိူက်ဖွာယူသည်။ ဖန်သားပြင်မှအဖြူအမဲရုပ်ရှင်ကို ကြည့်နေသော မောင့်ပုံစံမှာ ကြည့်နေသည်မှာ ကြာနေပြီထင်၏။ TVအသံတိုးနေတာကြောင့်ကော..နံရံကွယ်နေတာကြောင့် နွယ်မမြင်မိလိုက်သည်ဖြစ်၏။

သို့/ မောင်Where stories live. Discover now