Part-10

546 33 1
                                    

ငါက..စောင့်နေတာ..ဘယ်တော့မှပြန်မလာမှန်းသိပေမဲ့..စောင့်နေတာ။

••••••••••••

မောင်ကလည်းအခုဆို..တစ်ယောက်သောသူနှင့်နှစ်ခြိုက်စွာအိပ်‌ပျော်နေလောက်မလား။ ဒါမှမဟုတ်..မအိပ်ဘဲ ကြည်နူးနေလောက်မလား။ကျွန်မအပေါ်လုပ်ရပ်ကိုကော ကျေနပ်နေရဲ့လား။ လားပေါင်းများစွာဟာ ကျွန်မရဲ့ စိတ်အစဉ်ကိုဖုံးအုပ်ထားပြန်သည်။

လက်ထဲမှ အပေါ်ဝတ်လေးကို  ပို၍တင်းကြပ်စွာပွေးပိုက်လိုက်ပြီး လွတ်ထွက်သွားမှာစိုးရိမ်သည့်အလားပါဘဲ။ မောင်ပြန်တောင်းရင်တောင် ကျွန်မပေးမှာမဟုတ်ဘူး။ မောင့်အငွေ့အသက်လေးတွေ
ကျန်ရှိနေသည့် ဒီအရာလေးဟာ အဖိုးမဖြတ်နိုင်တာ ကျွန်မတစ်ယောက်တည်းသာ သိပါလိမ့်မည်။

ဘယ်ဘက်လက်သကြွယ်လေးမှာ ငွေရောင်လဲ့လဲ့လက်စွပ်လေးဟာ မောင်နဲ့ကျွန်မ၏ ဆက်နွယ်မှု့ ပိုင်ဆိုင်မှု့အမှတ်အသား။ ကျွန်မ ပြုံးနေတာမရပ်နိုင်တော့ဘူးထင်ရဲ့။

ကုတင်ပေါ်မှထကာ စာရေးစားပွဲတွင် ဝင်ထိုင်လိုက်ပြီး ဒိုင်ယာရီစာအုပ်လေးအတွင်း လက်ရေးဝိုင်းဝိုင်းလေးများ စီရီလျှက်။

ခေါင်းစဉ်လေးကတော့...

ကျွန်မရဲ့မောင်တဲ့~

ထိုခေါင်းစဉ်လေးကို ‌ရေရွတ်ရင်း သဘောတကျပြုံးလိုက်မိသည်။ ကျွန်မကသိပ်ကလေးဆန်တာဘဲ။

ထိုမနက်ခင်းလေးဟာ..ကျွန်မရဲ့ခံစားချက် ကြောက်စိတ်..ဝမ်းနည်းစိတ်..ဝမ်းသာမျက်ရည်..
နွေးထွေးမှု့ မောင်ရဲ့မျက်ဝန်း..မောင်နဲ့ပတ်သက်သည့်အရာအားလုံး ဖွင့်ဟခဲ့သော ဒိုင်ယာရီစာအုပ်လေးအတွင်း..လက်ရေးဝိုင်းဝိုင်းလေးများစီရီဝိုင်းစက်လျှက်။

•••••••••••

My..my..my..girl..this is for my girl...~oh~

"ဟယ်လို.."

"မောင်မောင်.."

"အင်း..မေမေပြော.."

"ဘာလို့ပွဲထဲက ရုတ်တရက်ကြီးထွက်သွားရတာလဲ..အဓိက..မောင်‌မောင်ကရှိနေပေးရမှာလေ..ပြန်လာတော့မောင်မောင်...။"

"မောင်..နားချင်ပြီ..မေမေ.."

"မောင်မောင်..သမီးအသံလည်းမကောင်းပါလား..ဘာဖြစ်တာလဲ..မေမေ့ကိုပြောလေကွယ်..."

သို့/ မောင်Where stories live. Discover now