Part -11

503 31 1
                                    

မောင်တစ်ခါလောက်..နားလေးပိတ်ပြီး..ငါ့ကိုဘဲကြည့်ပေးပါလားဟင်..

ငါဘယ်လိုခံစားနေရမလဲ..ဆိုတာမောင်တစ်ခါလောက်ကိုယ်ချင်းစာတတ်အောင်လေ..။

••••••••••••

အချိန်များစွာဟာ..အခန်းငယ်လေးထဲငိုရိူက်ရင်း ကုန်ဆုံးလေသည်။ချစ်ရသူကပေးတာမို့ ရင်ထဲနှင့်အောင် နာကျင်ရပါသည်။ ဆက်၍ စီးမကျလာသော မျက်ရည်များဟာ..ကုန်ခမ်းသွားခြင်းကြောင့်လား။

'ရင်ဘက်ထဲက သိပ်နာတာဘဲမောင်..'

သိပ်ကိုနာလှပါသည်။ ဓားပါးလေးများစွာဖြင့် တစ်ဆစ်ဆစ်မွန်းသလို နာလှပါသည်။ကျွန်မထိုစကားလေးသာ အထပ်ထပ်အခါခါရွတ်ဆိုမိသည်။

ငါငိုလို့မရတော့ဘူးမောင်..လုံလောက်ပြီထင်တယ်..ဒီလောက်ဆို...။

ခပ်ဖြည်းဖြည်းထလိုက်ပြီး..နာရီသို့တစ်ချက်လှည့်ကြည့်သည်။ လေးနာရီကိုညွန်ပြနေလေပြီ။ ခြောက်ကပ်ကပ်မျက်နှာပြင်ငယ်လေးဟာ ခပ်မဲ့မဲ့အပြုံးလေး..စွန်းငြိသွားသည်။

‌ဘာကြောင့်မျက်ရည်ဆက်မကျတော့တာလည်းခန့်မှန်းမိလိုက်ပါတော့သည်။ သိပ်ကြာနေပြီလေ..
ဘယ်လိုအင်အားနဲ့ ဆက်ငိုနိုင်တော့မလဲ။ ရေချိုးခန်းသို့ လျှောက်ဝင်လို့ ရေပန်းအောက်..ဒူးပိုက်ငြိမ်နေလိုက်သည်။

ကျွန်မခံစားချက်လေးများ နည်းနည်းလေးဖြစ်ဖြစ်သက်သာလောက်လားဟူ၍ သို့သော်လည်း..အေးစက်သည့်ရေအထိအတွေ့ကလွဲ၍ ရင်ဘက်ထဲမှအောင့်မြစ်နေလျက်ပင်။

"ငါဘယ်လိုလုပ်ရမလဲဟင်...ငါဘယ်လိုလုပ်ရင် မောင်ကျေနပ်မလဲ...တောင်းပန်ပါတယ်မောင်..ကွာရှင်းမပေးနိုင်ဘူး..မောင့်ကိုချစ်တာမို့လို့..ဟင့်..အင်း..ချစ်..တာ..မို့လို့..ငါ..။"

တိမ်ဝင်သွားသော အသံသည်ထိုစကားကိုဆက်ဆိုရန် အင်အားများမရှိချေတော့။‌

ရေစီးကျသံလေးညံနေသည့် ရေချိုးခန်းလေးသည်
ငါးနာရီဟူသော အချိန်ရောက်မှ ရပ်စဲသွားလေသည်။

"ဒေါ်ဒေါ်.."

"နွယ်လေး...အ..အင်းပြောကွယ်သမီး.."

သို့/ မောင်Where stories live. Discover now