ဒုတိယအသက်သွေးကြော (အပိုင်း-၂)

1.1K 51 1
                                    

လူတစ်ယောက်မှာအသက်သွေးကြောနှစ်ခုရှိတယ်တဲ့။တစ်ခုကကိုယ်ကိုတိုင်ဆီမှာရယ်။ ကျန်တစ်ခုကကိုယ်ချစ်တဲ့သူဆီမှာရယ်။

ဒီစကားစုလေးကိုသူနားလည်လက်ခံလိုက်ချိန်မှာဘဲ သူ့ဒုတိယအသက်သွေးကြောလေးကသူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။

၁၄နှစ်ဝန်းကျင်မိန်းကလေးတစ်ယောက်ပေါ့။မြေပြင်ပေါ်လှဲလျောင်းနေပြီး နဖူး‌မှာသွေးတွေစီးယိုနေတယ်။ ယောင်ယမ်းနေတဲ့မျက်နှာလေးနဲ့ ပစ်စလက်ခက်လှဲကျနေပုံက ကူကယ်ရာမဲ့နေသလိုမျိုး။ အသိမှရှိပါသေးရဲ့လားဆိုပြီး နွယ်အနားတိုးကြည့်တော့ အသက်ရူသံမှန်မှန်နဲ့ အိပ်မောကျနေတယ်။ပုံပျက်အောင်ယောင်ယမ်းနေတဲ့ဒဏ်ရာတွေကြောင့် နွယ်အာရုံစိုက်ကြည့်တဲ့အခါ လှုပ်ယွသွားတဲ့ သက်ရှိလေး။ အလင်းထိုးဖောက်ဖို့ခက်ခဲတဲ့သစ်ရိပ်တွေကြားမှာ သူနဲ့နွယ်နဲ့နှစ်ယောက်တည်း။ လက်မှာကိုင်ထားတဲ့စက်ဘီးကိုတွန်းရင်း ကျော်သွားဖို့ကြိုးစားပေမဲ့ အာရုံငါးပါးရဲ့ဦးတည်ရာတိုင်းက အဲ့ဒီနားမှာဘဲတဝဲဝဲတလည်လည်။ ဒါကြောင့် မေမေပြောဖူးတယ်။ ' နွယ်နင်ကအဲ့ဒီစိတ်နဲ့ သေမှာ 'တဲ့။ ဟုတ်သားနော်..။ နွယ်က တကယ်အဲ့ဒီစိတ်နဲ့သေမယ်ထင်ပါတယ်။

စက်ဘီးကိုဖြစ်သလိုရပ်ပြီး လှဲကျနေသူရဲ့ဦးခေါင်းကိုအသာကိုင်လို့ နွယ်ပေါင်ပေါ်တင်တယ်။အေးစက်နေလိုက်တာများ ဒီနေရာမှာလှဲနေတာဘယ်လောက်တောင်ကြာပြီလဲ။  ဖြူစွတ်နေတဲ့အသားနဲ့ လေးထောင့်ကျကျမျက်နှာလေးကို‌ သေချာကြည့်မိတဲ့အခါ နွယ်မှတ်ဉာဏ်တွေနောက်ပြန်လည်တယ်။

လွန်ခဲ့တဲ့ရက်သတ္တတစ်ပတ်ကထင်ပါတယ်။ နွယ်တို့ရပ်ကွက်ကျဉ်းလေးဆီပြောင်းလာတဲ့ ကုန်သည်သူဌေးမိသားစုအကြောင်း ဟိုးလေတကြော်ကြော်ဖြစ်ခဲ့တယ်။ ဘာကြောင့်ဆိုအိမ်ခြေနည်းပြီး ကုန်သည်တွေသိပ်မသွားလာတဲ့ခေတ်မှာ နွယ်တို့ရပ်ကွက်လေးက သိပ်ခေတ်နောက်ကျနေလို့ အဲ့ဒီရွှေကုန်သည်တွေကို လူတိုင်းမျက်မှန်းတန်းမိခဲ့ကြတာ။‌အဲ့ဒီကုန်သည်မှာသမီးဦးလေးရှိတယ်လို့လဲကြားဖူးတယ်။ ဉာဏ်အရမ်းထက်ပြီး ပြည်နယ်အထိအဆင့်ချိတ်ခဲ့လို့ နွယ်တို့ရပ်ကွက်လေးရဲ့ကျောင်းရဲ့ ဂုဏ်ဆောင်ဆိုလဲဘယ်မှားနိုင်မလဲ။မေမေရဲ့ စိတ်မကြည်တိုင်းရေရွတ်တဲ့စကားလုံးတွေမှာ အဲ့ဒီရွှေကုန်သည်မိသားစုအကြောင်းက မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို လူတိုင်းပြောတယ်။ 'နွယ်ကသိပ်တုံး၊ သိပ်ထုံတာ'တဲ့။ မေမေက နွယ်အဲ့ဒီအကျင့်ကိုတအားမုန်းတာ။ နွယ်လက်ဖဝါးတွေအရှိုးရာထင်အောင်ရိုက်ပြီးဖျောက်တယ်။ အစာမကျွေးဘဲဖျောက်တယ်။ နွယ်မတွက်တတ်တဲ့ပုစ္ဆာတိုင်းရဲ့အဖြေကိုရှာခိုင်းပြီး မရှာနိုင်ရင် ညလုံးပေါက်မအိပ်ခိုင်းဘဲ ဖျောက်ခိုင်းတယ်။အဲ့ဒီကလေးမပေါ်လာတော့ ဆီနဲ့ရေလိုကွာနေတဲ့အခြေအနေမှာ နွယ့်အပေါ်အားမလိုအားမရမှုတွေ  ကြောင့်မေမေအမုန်းကြီးမုန်းလာတယ်ထင်တယ်။ မေမေကနွယ့်ကိုပညာတတ်ဖြစ်စေချင်တာလား ဒါမှမဟုတ် တမင်မုန်းလို့ရိုက်နှက်နေခဲ့တာလား။ ရိုက်လို့မျက်ရည်မကျတော့တဲ့အချိန်မှာ ခါးခါးတီးတီးတွေးမိခဲ့တဲ့အတွေးတွေပေါ့။ ဒါကြောင့် မေမေသိပ်သဘောကျတဲ့ရွှေကုန်သည်မိသားစုရဲ့သမီးဦးကို တစ်ဖက်သတ်မုန်းမိတယ်။ နွယ်ဟာ တစ်ကယ်ကို မဆီမဆိုင်ပါပဲ။

သို့/ မောင်Where stories live. Discover now