part-9

516 28 1
                                    

ငါဆောင်းကိုသိပ်ချစ်တာပေါ့..ငါနဲ့နည်းနည်းမှမအပ်စပ်ပေမဲ့ သဘောကျတုန်းဘဲလေ..။

•••••••••••

‌မနက်ခင်းနှင်းမှုန်လေးတွေ၏ လှပ‌သည့် အစက်အပြောက်များကြောင့် နေရာအနှံ့ မှုန်ဝါးလျက်။ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေမှာ ဝတ်ထားသည့် အကျီကိုထိုးဖောက်၍ အသွေးအသားများအေးစက်စေသည်။ အိပ်ယာထဲကွေးကွေးလေးခွေရင်း ကျွန်မစိတ်အလိုမကျစွာ မျက်ခုံးများတွန့်ချိုးမိသည်။ ပြတင်းပေါက်ပိတ်ဖို့မေ့ခဲ့သည်ကြောင့် ပြတင်းပေါက်မှ ခပ်စိတ်စိတ်တိုက်သော လေများဟာ အသားများကိုတုန်ယင်စေတဲ့အထိ။

ခြုံထားသော စောင်ကိုအနည်းငယ်ဖယ်ခွာ၍ ကုတင်ပေါ်မှဆင်းလိုက်သောအခါ ဘယ်ဘက်ခြေထောက်မှ ဆစ်ကနဲ။ အဖြူရောင်ပတ်တီးစည်းထားသော ခြေထောက်မှာ မကျိုးရုံသမယ်..ဖြစ်ပြီး အရိုးအနည်းငယ်ထိထားသောကြောင့် ထောင့်လိုက်သည်နှင့် နာကျင်၏။
ဆောင်းရာသီ၏ အအေးဓာတ်‌ကြောင့် ပို၍ပင်ကိုက်ခဲနာ‌ကျင်စေသည်။ပျော့ညံ့လွန်းသည့်ကိုယ်ကိုကိုယ်စိတ်အလိုမကျစွာ ခေါင်းခပ်ဖြည်းဖြည်းခါရမ်းရင်း ထော့နဲ့ထော့နဲ့ဖြင့် ပြတင်းပေါက်အနားရောက်လာသည်။ ပိတ်ရန်ပြင်လိုက်သော လက်ဟာ အဝေးမှ မြူမှုန်များနှင့် အုံမိုးနေပြီးမည်သည့်အရာမှသဲသဲကွဲကွဲမမြင်ရသော ပတ်ဝန်းကျင်ကို ငေးမောမိသည်။

ကျွန်မဆောင်းကိုသိပ်ချစ်သည်။ အအေးဒဏ်မခံနိုင်သော ကျွန်မဟာ ဆောင်းနဲ့လည်းနည်းနည်းမှမအပ်စပ်။ သို့သော်..ကျွန်မသဘောကျပါ၏။ သဘောကျတာနဲ့တင် လုံလောက်ပါသည်။

တဖြူးဖြူးတိုက်ခတ်လာသော လေအေးအေးများဟာ အသားများတုန်ယင်အောင်အေးသော်လည်း ပြတင်းပေါက်ကိုမပိတ်မိ။ပြန်၍ အိပ်ချင်နေသော မျက်လုံးများဟာ မှေးစင်းနေပြီ။ လက်တစ်ဖက်ဟာ မျက်လုံးကိုဖိပွတ်လိုက်တော့..အိပ်ချင်စိတ်အနည်းငယ်ပြေသွား၏။

အခုချိန်ဆို..မောင်အိပ်နေအုံးမယ်ထင်၏။နေလုံးကြီးမှာ လိမ္မော်ရောင်သန်းနေပြီး အလင်းဖြန့်ရန်
ပြင်ဆင်နေဟန်။ သို့သော် ခိုးဆိုင်းနေသည့် မြူအုံ့များဟာ ဟန့်တားထား၏။ ခန္ဓာကိုယ်မှာတစ်ဆက်ဆက်တုန်ယင်လာသည်ထိ ငေးနေမိသည်။

သို့/ မောင်Where stories live. Discover now