Part-16

524 45 3
                                    

"ဟန်ဟန်...ဟန်ဟန်.."

"အွန်း.."

မွေ့ယာထက်..စာအုပ်တစ်အုပ်ကိုဖတ်နေရင်း အကြည့်မလွဲဘဲ ခဒ္ဒါ၏ခေါ်သံကိုထူးသည်။ ခဒ္ဒါ
ကုတင်ပေါ်ခပ်သွက်သွက်ပြေးတက်ရင်း လှဲနေသည့် ဟန်ငြိမ်း၏ခါးသွယ်သွယ်ကိုဖက်လိုက်သောအခါ ဟန်ငြိမ်းတစ်ချက်သာ ပြန်ကြည့်၍ စာအုပ်ထံသို့..အကြည့်ပြန်ပို့သည်။

"အဲ့လိုတွေမလုပ်နဲ့လို့ပြောထားတယ်လေ ငယ်ငယ်"

ခဒ္ဒါဂရုမစိုက်စွာဖြင့် ပိုးတိုးလို့ဖက်ပစ်ပြီး သူ၏ခါးဖြူဖြူလေးထံမျက်နှာတစ်ဖက်အပ်ရင်း

"ဒီနေ့ ငယ့်ကိုပစ်ထားတယ်..ဟန်ဟန်က.."

ဟန်ငြိမ်းနားမလည်သလိုဖြင့် ခဒ္ဒါကိုစူးစိုက်ကြည့်ရင်း ဖတ်နေသော စာအုပ်ကိုဘေးသို့လွဲချလိုက်သည်။ ထို့နောက် ခဒ္ဒါ၏တင်းကြပ်စွာဖက်သွယ်ထားသည့်လက်ပေါ်သူမ၏လက်ဖြင့်အုပ်မိုးလိုက်ပြီး..တည်ငြိမ်သောလေသံဖြင့်..ဆိုသည်။

"သံစဉ်တို့နဲ့ ပြဿနာဖြစ်လာပြန်ပြီလား.."

ဟန်ငြိမ်း၏မှန်ကန်သောစကားကြောင့်သူမ၏ခါးပေါ် မျက်နှာဖုံးအောင်ထိ တိုးကပ်လိုက်သည်။ ဟန်ဟန်၏ကိုယ်သင်းနံလေးက သိပ်မွှေး‌သည်မှာ သူမ၏ချို့ယွင်းချက်ပင်။

"သူတို့က..ငယ်စားချင်တာမဝယ်ကျွေးဘူး..တအားကပ်စေးကုတ်တယ်..ဟန်ဟန်လောက် ငယ့်ကိုဘယ်သူမှနားမလည်ပေးဘူး.."

ဟန်ငြိမ်းသက်ပြင်းငွေ့ငွေ့ချကာ ကလေးငယ်လေးတစ်ယောက်ကိုချော့မြူနေသည့် မိခင်သဖွယ် အနွေးသက်သက်အပြုံးကိုပြုံးလိုက်ပြီး..

"ငယ့်ကဘာစားချင်တာလဲ.."

"ဟော့ပေါ့.."

မျက်လုံးဝိုင်းဝိုင်းလေးဖြင့် နူတ်ခမ်းကိုဆူရင်း ပြောသော ငယ်လေးမှာ တကယ်ကိုချစ်ဖို့ကောင်းသည့် မျက်နှာလေးပိုင်ဆိုင်ထားသည်။ ဟန်ဟန်၏သိပ်ချစ်စရာကောင်းသည့် ညီမလေးလို။

"အင်း..မဟန်ဝယ်ကျွေးမယ်..ဘယ်အချိန်ရှိပြီလဲ.."

ဟန်ငြိမ်း၏ဘယ်ဘက်မှနာရီကိုငယ်ဆွဲယူကြည့်ရင်း

"မနက်၁၀နာရီဘဲရှိသေးတယ်.."

"အင်း..ရေချိုးလိုက်အုံးငယ်..မဟန်..လည်းပြင်ဆင်အုံးမယ်.."

သို့/ မောင်Where stories live. Discover now