" မြကျေး..ဟေးမြကျေး...။"ခြံစည်းရိုးတစ်ဖက်ခြံက ခေါ်သံသဲ့သဲ့ကြောင့် ပန်းခင်းတွေကနေ နွယ့်အကြည့်တွေက တစ်ဖက်ခြံဆီ။ ခြံစည်းရိုးပေါ်မေးထောက်ရင်း နွယ့်ကိုမြင်တော့ အားရအောင်ပြုံးပြနေတဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းလေးပါပဲ။ ညှပ်လက်စပန်းပင်တွေကို ပြန်အာရုံစိုက်နေတာမြင်တော့ ခေါ်သံတစတစပိုကျယ်လာတယ်။
" မြကျေး..၊ ကိုယ့်အသဲ..ဟေး..အသက်ကလေး။"
ပန်းပင်ဆီဘဲ အာရုံရှိနေတဲ့ကောင်မလေးက ဆက်ကနဲထရပ်လာတယ်။ သေချာတယ် သူဆီလာတော့မှာ။ မျက်လုံးဝိုင်းဝိုင်းတွေနဲ့စူးရဲနေအောင်ကြည့်ပြီး မခေါ်နဲ့ မကြိုက်ဘူး ဆိုပြီး ပြောတော့မှာ။ အဲ့ဒီသက်ရှိလေးကလေ။
သူ့အထင်အတိုင်း သူ့အနားလျှောက်လာတယ်။ မျက်လုံးဝိုင်းတွေနဲ့ စူးနေအောင်လဲကြည့်လိုက်သေးတယ်။ မျက်ခုံးတွေကို ခပ်ရေးရေးကျုံ့ထားပြီး လေသံကျယ်ကျယ်မပြောတတ်တဲ့ ကောင်မလေးက...
" မခေါ်နဲ့..မကြိုက်ဘူးလို့ ပြောထားတယ်လေ
ဇိမ်းရဲ့..။"ဇိမ်းကိုကိုရဲ့ ပိုမိုချိုမြလာတဲ့မျက်နှာပြင်ထက် အပြုံးတွေဝင့်ဝင့်ငှာငှာသီကုံးထားရင်း...
" အသဲ အသက်သမျှ တန်ဖိုးထားလို့ခေါ်တာဘဲမြရယ်..၊ အသားပဲ့သွားမဲ့အရေးတော့မဟုတ်ဘူးထင်တယ်။"
ပုံသေသတ်မှတ်ထားတတ်တဲ့ မျက်နှာပြင်လေးအနည်းငယ်ပြောင်းလဲသွားတာမြင်လိုက်ပါတယ်။ မော့ကြည့်နေတဲ့မျက်တောင်ဖျားလေးတွေ တဖျတ်ဖျတ်နဲ့ မြက တစ်ခြားကိုအကြည့်လွဲတယ်။ ပြီးတော့ ကြားတယ်ဆိုရုံမျှတိုးတိုးလေးနဲ့
" အပိုတွေ..။"
" ဘာရယ်..။"
မသိကျိုးကျွံပြုပြီး ပြန်မေးရင် မြကျေးကထုံးစံအတိုင်း မသိချင်ယောင်ဆောင်တယ်။ ကိုယ့်ရှေ့က ရုပ်လုံးပေါ်စအပျိုပေါက်လေး မြဟာ သိပ်ကိုအေးစက်ပါတယ်။ ဒါကြောင့်လဲ အဖိုးတန်ပါတယ်။ ဒါကြောင့်လဲ သူမြတ်နိုးပါတယ်။
" မနေ့ကအတွက်..တောင်းပန်ပါတယ်..အကို။"
အတွေးတွေဘယ်ပေါက်လို့ဘယ်ရောက်မှန်းခန့်မှန်းမရတဲ့အပျိုပေါက်လေးဆီ တောင်းပန်စကားတဲ့လေ။ဖြစ်နိုင်တာ မနေ့က ဇိမ်းကိုကိုဘုရားပန်းကပ်ဖို့ရယ် ပန်းတချို့တောင်းထားပေမဲ့ လာပို့ပေးပါ့မယ်ဆိုပြီး မရောက်လာနိုင်လိုက်အတွက်ဆိုလာတဲ့တောင်းပန်စကားဖြစ်မယ်။
YOU ARE READING
သို့/ မောင်
Любовные романы°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°