8

80 11 0
                                    

ရဲစခန်းကအပြန်လမ်းမှာ လေးယောက်စလုံး အတွေးကိုယ်စီနှင့် တိတ်ဆိတ်နေမိခဲ့ကြသည်။

Kris Wu သည် ကားကို ဂရုတစိုက်မောင်းနေရင်း မျက်မှောင်ကျုံ့ ထားသည်။ သူ့ဘေးမှာတော့ Tao က အနေရကြပ်သလို တိတ်ဆိတ် စွာ လိုက်ပါလာသည်။ Luhan ကတော့ Kris Wuကို မှန်ထဲမှတဆင့် မဝံ့မရဲ ကြည့်နေတတ်သည်။ Oh Sehunကတော့ ကားပြတင်း ပြင်ပ ကို ငေးနေခဲ့သည်။

ဤတိတ်ဆိတ်မှုကြီးက Kris Wu ရောက်လာသည့်အချိန်တွင် Luhan နှင့် Sehun တို့ ဖြစ်ပေါ်သွားသော အံ့သြမှုနှင့် ဆက်စပ် ကြောင်းတော့ Tao ရေးရေးလေး သဘောပေါက်မိသည်။

"ဟို...ဒီ..ဒီမှာပဲရပ်ပေးလို့ရပါတယ်..ကျေး ကျေးဇူးတင်ပါတယ်"

Luhan ရဲ့အနည်းငယ်တုန်နေတဲ့ မသဲမကွဲအသံကြောင့် အားလုံးရဲ့ အာရုံက ကားထဲပြန်ရောက်လာကြသည်။ တရုတ်လို ပြောလိုက်သံ ကိုကြားတော့ Sehun ကတစ်ချက်မဲ့ရင်း အကြောဆန့်၏။ Kris Wu ကလည်း ဘက်မှန်မှတဆင့် ထူးဆန်းသောအပြုံးဖြင့် Luhan ကို ကြည့်လိုက်သည်ကို Tao မြင်နေရသည်။ ဘာတွေပါ လိမ့်။ သို့သော် ကားလေးက လမ်းမပေါ်မှာတင် ရပ်သွားပြီ ဖြစ်သည်။ ထိုအခါ ကျေးဇူးတင်စကားကို ၂ ခါလောက် ထပ်ပြောပြီး Luhan ဆင်းသွားသည်။

"အိမ်ထိပို့ပေးရမလား Hun"

Sehun ကရိသဲ့သဲ့ပြုံးရင်း "ရတယ်။ ကျွန်တော် Lu ကိုစိတ်မချဘူး။ ကျေးဇူး" ဟုဆိုကာ ကားတံခါးဖွင့်ကာ Luhan နောက်သို့လိုက်သွား ၏။ Kris က ကားမှန်ထဲမှတဆင့် Luhan နှင့် Sehun ၂ ယောက်ကို ငေးကြည့် နေသည်။ ဒီ ၃ယောက်ကြားကဆက်ဆံရေးကို Tao ဘယ်လိုမှမစဉ်းစားတတ်ပါ။ Luhan နှလုံးသားက ယောက်ျားလေး တစ်ယောက်ဟု သူအတိအလင်းသိထားခဲ့ဖူး၏။ ပြီးတော့ တရုတ် လူမျိုး။ ဒါဟာ...Kris Wu များလား။ သူအလန့်တကြား ဘေးကို ငဲ့ကြည့်တော့ Kris Wu က ဟို၂ ယောက်ကို ငေးကြည့်နေဆဲ။

သေချာပါပြီ Kris Wu။ ခင်ဗျားက Luhan ရဲ့နှလုံးသားလား။

--------------------------------------------------------------------------------------------------

ကားရှင်းလင်းနေသည့် လမ်းမထက်က လမ်းမီးတိုင်တွေကြားမှာ လမ်းလျှောက်လာသည့် Luhan သည် သူ့နောက်မှကောင်လေး ပါလာတာကို သိသော်လည်း မသိကျိုးကျွံပြုနေလိုက်ည်။ ထိုအခါ Oh Sehun ကသူ့ဘေးကိုယှဉ်လိုက်လာရင်း

Colors of the Wind [EXO Fanfiction]Where stories live. Discover now