This dark and lifeless air is pervasive. I am caught in this pain called 'parting'. I'm about to suffocate, it hurts so much that I lost my strength.
- EXO, Baby Don't Cry Lyrics
--------------------------------------------------------------------------------------------------
ပင်လယ်နံ့သင်းသော လေပြည်ရဲ့အဝှေ့နဲ့အတူချောက်ကမ်းပါးပေါ် ရပ်နေမိသောအခိုက်အတံ့သည်ရင်ခုန်ဖွယ်ရာကောင်းလှသည်။ တဝုန်းဝုန်းဖြင့်ရိုက်ခတ်နေသော ပင်လယ်ရေလှိုင်းများ၏ အသံက တစ်စုံတစ်ယောက်ကို ခေါ်ငင်နေသယောင်ယောင်။ အေးစက်နေသော လေထုကိုရင်ဆိုင်ရင်း သူ ခြေထောက်တို့ကိုရှေ့တိုးမိသည်။ တစ်လှမ်းထပ်လှမ်းမိလျင်တော့ ပင်လယ်ထဲသို့ကျသွားပေတော့ မည်။
လွမ်းစရာဘာများရှိမှာလဲ။ သူ့ကိုကော ဘယ်သူကလွမ်းမှာလဲ။
မျက်စိတို့ကိုမှိတ်ရင်း လက်တို့ကိုဆန့်တန်းကာ သူသည်အရာရာ ကိုအဆုံးသတ်ရန်ကြိုးစားလိုက်မိ၏။ သို့သော် ရင်ထဲလှိုက်ခနဲဖြစ်သွားမှုနဲ့အတူ သူမျက်စိဖွင့်ကြည့်မိသောအခါ သူမဟုတ်သည့် တစ်စုံတစ်ယောက်ကသာ ချောက်ကမ်းပါးထဲမှထိုးကျသွားပြီး သူကတော့ကျောက်စွန်းနားမှာသာရှိနေသေးပါလား။
ပြုတ်ကျသွားသောထိုလူသည်သူ့ကိုလွမ်းလွမ်းဆွေးဆွေး ကြည့်သွားရင်း နှုတ်ခမ်းလှုပ်ကာ
"တောင်းပန်ပါတယ်" ဟုပြောသွားပြီးနောက်ရေထဲသို့ အရှိန်ပြင်းစွာကျရောက်သွားသည်။
အို.. အဲဒီလူကိုသူသိသည်။ Sehun... သူချစ်ရပါသော Oh Sehun။ သူထိတ်လန့်တကြားအော်ဟစ်မိသော်လည်း အသံတို့သည်လည်ချောင်းဝမှာတင်တစ်စို့ပျောက်ကွယ်သွားသည်။
"မလုပ်နဲ့...Oh Sehun မသွားပါနဲ့!!!"
ဝုန်းခနဲသူရုန်းထလိုက်မိပြီးမှ ဒါဟာ အိပ်မက်တစ်ခုဖြစ်နေကြောင်း သူသတိထားလိုက်မိသည်။ ချွေးတွေလည်း ရွှဲနေပြီး လည်ပင်းကို ပြန်ကိုင်ကြည့် မိကာ Sehun ဟု တိုးတိုးလေးအသံထွက်ကြည့် မိ၏။ အရာအားလုံး အဆင်ပြေပြေရှိနေတာသေချာပြီဆိုမှ သူပတ်ဝန်းကျင်ကိုကြည့်မိသည်။
နှစ်ယောက်စာထက်ပိုကျယ်နေသေးသော ခမ်းနားသည့် ကုတင်ကြီး...ဘေးပတ်ပတ်လည်မှာက အနုပညာ လက်ရာတွေချိတ်ထားသေးသည်။ Le Amstel လို့ရေးထားသောပန်းချီကားကိုတွေ့မှ သူ Amsterdam ရောက်နေတာသတိရသည်။ ညဦးတုန်းက သူ Sehun နှင့်အတူရှိနေတာကိုပါစဉ်းစားမိသွားသည်။ သို့သော်သူ့အိပ်ရာဘေးမှာတော့ ဘယ်သူမှရှိမနေပါ။
VOUS LISEZ
Colors of the Wind [EXO Fanfiction]
Fanfictionလေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော့ unpublished လုပ်ခဲ့ပြီး အခုတော့ စာအုပ်ဗားရှင်းကို အစအဆုံးတင်ဖြစ်ပါတယ်။ အမှတ်တရအဖြစ်ရ ဆုံး ကိုယ့်အရ...