Extra : Aurora Borealis

291 19 7
                                    

ပြင်သစ်နိုင်ငံမှ ဓာတ်ပုံဆရာ Richard သည် Lyon မြို့ရှိ စတူဒီယိုထဲ၌ ဓာတ်ပုံများ စီလျှက် တည်းဖြတ်နေ ၏။ သူ၏ ဥရောပ အနောက်မြောက်ပိုင်းခရီးစဉ်တွင် မြောက်များစွာသော ဓာတ်ပုံကောင်းများ ရရှိခဲ့သည် မဟုတ်ပါလား။ ကွန်ပျူတာထဲတွင် တစ်ပုံစီကိုကြည့်ရင်း မလိုသည်များကို ရွှေ့ပြောင်းကာ ပုံကောင်းများ ကို အလင်းအမှောင်ပြန်လည်ကစားနေမိစဉ် မျက်လုံးက အလိုလိုပင် ထောင့်ရှိ ဓာတ်ပုံတစ်ပုံသို့ ရောက် သွားလေ၏။ အနီးကပ်ဆွဲယူလိုက်သောအခါ Richard မှာ အချိန်အတော်ကြာကြာပင် ထိုဓာတ်ပုံကို ငေး ကြည့်နေခဲ့မိသည်။ မည်မျှကြာသွားသနည်းဟုဆိုလျှင် ဘေးတွင်ချထားသော ကော်ဖီပင် အေးစက်ကျဲ တောက်သွားသည်အထိ။

Richard ၏ ဘဝတွင်လည်း ထိုသို့သော အခိုက်အတံ့ရှိခဲ့ဖူးပြီး သူ့တွင်တော့ မှတ်တမ်းတင်ရန် မရှိခဲ့ပေ။ ထို့ကြောင့်ပင် သူသည် ဓာတ်ပုံကို သူတတ်စွမ်းသမျှ ပညာဖြင့် အလင်း၊ အမှောင်၊ အရောင်၊ အရိပ်၊ ဖွဲ့စည်း ပုံတို့ကို ပြုပြင်လိုက်သောအခါ ထိုဓာတ်ပုံမှာ လင်းချင်းစွာဖြင့် ပေါ်ပေါက်လာ၏။ Richard သည် ထို ဓာတ်ပုံကို စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ပြီးသောအခါ ဖုန်းထဲတွင် မှတ်သားလာသော အီးမေးလ်လိပ်စာ တစ်ခုထံသို့ မိတ်ဆက်စာနှင့်အတူ ပေးပို့လိုက်၏။

အားလုံးလုပ်ဆောင်ပြီးသောအခါ ထိုအေးတိအေးစက်ကော်ဖီကိုပင် အရသာရှိစွာသောက်သုံးရင်း ထိုပုံကို ပြုံး၍ ကြည့်နေမိတော့သည်။ ထို ဓာတ်ပုံကိုလည်း ပုံကြီးချဲ့၍ စတူဒီယိုတွင် ချိတ်ထားရမည်ဟုတွေးမိ၏။

အဆုံးသတ်တော့ ထိုပုံက တကယ်ကို လက်ရာကောင်းတစ်ခုမဟုတ်လား။

=============================================================

လွန်ခဲ့သော တစ်လခန့်အကြောင်း ပြန်စဉ်းစားမိလျှင် Richard သည် အမှန်တကယ်ပင် ဒေါသထွက်လာခဲ့ သော်လည်း ဓာတ်ပုံများနှင့် အတွေ့အကြုံများရခဲ့သည်နှင့်စာလျှင်တော့ ထိုဒေါသက မပြောပလောက် သဖြင့် သူ လျှောချခဲ့ရသည်။ သူ့လက်ထောက်ဖြစ်သူ Thomas က အကုန်စီစဉ်ပြီးခါမှ မလိုက်ဖြစ်တော့ သဖြင့် ဤမျှ​ဈေးကြီးလှသော ခရီးစဉ်ကို တစ်ဦးထဲသာ ရွက်လွှင့်ခဲ့ရတော့သည်။ ဓာတ်ပုံဆရာအများစု၏ အိပ်မက်ကဲ့သို့ပင် သူ့တွင်လည်း ဥတ္တရအလင်းတန်းများကို လိုက်ရှာလိုသော စိတ်ဆန္ဒရှိ၏။ ယခု အတော် အတန်အောင်မြင်လာပြီ ဖြစ်သောအခါ ဤအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တော့သည်။ သူစိုးရိမ် သည်က သူ့ဓာတ်ပုံများအတွက် မော်ဒယ်မရှိမည်ကိုပင်။ Thomas နှင့် ရည်းစားဖြစ်သူကို မော်ဒယ်အဖြစ် ရိုက်ပေးမည်ဟုဆိုကာ သဘောတူခဲ့သော်လည်း Thomas က ခရီးစဉ်မတိုင်ခင် ရည်းစားနှင့်ပြတ်သွား သောကြောင့် Richard အစီအစဉ်မှာ ကမောက်ကမဖြစ်ခဲ့ရသည်။ သို့နှင့် နောက်ဆုံး မိနစ်တွင်မှ ခရီးစဉ် ကိုဈေးလျှော့၍ ခွဲရောင်းလိုက်ရပြီး နော်ဝေ ရှိလေးရက်တာခရီးစဉ်ကို ဝယ်ယူခဲ့သည်ကမူ အာရှသား ကောင်လေးနှစ်ယောက်ဖြစ်ခဲ့ချေသည်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now