14

64 8 0
                                    

"ကျက်သရေမရှိလိုက်တာ"

လွယ်အိတ်ကိုပစ်ချလိုက်ရင်း တံခါးကိုဆောင့်ပိတ်ကာ လှဲချလိုက် တာတောင်မှ အောက်ထပ်မှာကြားလာရတဲ့ ကလေးငိုသံက သူ့ကို အနှောင့်အယှက်ပေးနေသေးသည်။ နားကြပ်ကိုပြေးလွှားရှာဖွေရင်း ဖုန်းနဲ့ချိတ်တပ်တာ တောင်မှ သံစဉ်ကိုကျော်လွန်ပြီး အတွေးထဲမှာ အဲဒီ မုန်းဖို့ကောင်းတဲ့အသံကိုကြားနေမိတုန်း။

ဒေါ်လေး ဆိုတဲ့အိမ်ကလူတွေဟာ တွေ့သမျှ ကလေးတွေအိမ်ကို ခေါ်ထိန်းနေနိုင်တာပဲလား။ အဲဒီ အမြင်ကတ် စရာသတ္တဝါကလေးရဲ့ မိဘဆိုတာတွေကကော ကိုယ့်ကလေးကို သူများလက်ထဲ ထည့်ကြ တာပဲလား။ အင်း ထည့်ကြမှာပါပဲ။ မိဘတိုင်းကောင်းကြတာမှ မဟုတ်ပဲ။

သူမနေနိုင်တော့ ထပြီး စားပွဲအောက်က သေတ္တာထဲက စာအုပ် တချို့ကိုမွှေနှောက်ရှာဖွေလိုက်သည်။ အရေးထဲ ထိပ်ဆုံးက စာအုပ် က KimJunMyeon ဟူသော စတစ်ကာဖြင့်ဖြစ်နေသဖြင့် "သွားစမ်းကွာ" ဟု ဘေးကိုပစ်ထုတ်လိုက်သည်။ လောလောဆယ် မှာ အဲဒီစာအုပ်ကိုသူလှည့်တောင်မကြည့်ချင်။ (တကယ်တမ်း လည်း လက်တွေ့ဘဝမှာ လူကိုအဲဒီလိုပစ်ထုတ်လို့ရလျင်သိပ်ကောင်းမည်)

ဘယ်စာအုပ်ကိုရှာနေတာပါလိမ့် လို့စဉ်းစားကြည့်တော့ဘာရယ်လို့ မရှိ။ တွေ့ကရာ စာအုပ်တစ်အုပ် ယူထုတ် ဖတ်ကြည့်မိတော့ ခေါင်းစဉ်က Park Chanyeol။ စာအုပ်ကို မဖတ်ခင် ခေါင်းစဉ် စတေကာနဲ့ စာအုပ်အဖုံး လေးကိုသူ အတော်ကြာအောင် တွေဝေ ငေးမောနေခဲ့မိသည်။ နောက်ဆုံးစာမျက်နှာကို အရင်စဖွင့်ကြည့် မိတော့မှင်နီဖြင့်ရေးထားသော သူ့လက်ရေး သူအရင်မြင်လိုက်ရ တော့ ခုနက ဒေါသတွေ စိတ်တင်းကျပ်မှုတွေ အကုန်ပြေပျောက် သွားပြီး အတိတ်ကို တွေဝေငေးမောနေ ကြည့်မိသည်။

"ကိုယ် မင်းကိုဘာမှမလုပ်ပေးတတ်တော့ဘူး ဒါပေမဲ့ သီချင်းတီး ပြမယ် နားထောင်မယ်မလား Hun"

အဲဒီတုန်းက သူလှည့်ထွက်လာတော့ Chanyeol က လှမ်းအော် ပြောသည့်စကားကိုသူ မမေ့။ ခင်ပါတယ် တဲ့။ ပြောတော့ လွယ်တာ ပေါ့ လူကြီးမင်း Park ရယ်။ ခင်ပါတယ် ဆိုတဲ့ ခင်ဗျားက နောက်နေ့ ပျောက်သွားတော့ တာပါပဲ။ ရှေ့ကစားပွဲပေါ်မှ တွေ့ကရာ ဘောပင်တစ်ချောင်းကိုဆွဲယူရင်း သူ တစ်ခုခုထပ်ရေးဖို့ လုပ်လိုက် သည်။

Colors of the Wind [EXO Fanfiction]Onde histórias criam vida. Descubra agora