1

1.3K 48 0
                                    

လေပြည်၊ တကယ့်တကယ်တော့ လေ ပါပဲ။

ဒါပေမဲ့ လေ လို့ သူအမည်တပ်လိုက်တာက သိပ်ကို ဖြစ်ကတတ် ဆန်းနိုင်တယ် လို့သူထင်တယ်။ နူးညံ့ပြီး နွေးထွေး တဲ့အရာ၊ ခံစားမှု ကိုဖြစ်ပေါ်စေတဲ့အရာ အဲဒီအရာကို လေ ဆိုတာထက် လေပြည် လို့ပဲ သူ ခေါင်းစဉ်တပ်ချင် တယ်။

*လေပြည် မှာ အရောင်ရှိသလား၊ ပုံစံရောရှိသလား။*

မရှိဘူး၊ ကျောင်းမှာသင်ခဲ့ရတာပဲလေ...။ ဒြပ်မဲ့ အရောင်အနံ့မရှိ အရသာမရှိ၊ ဟုတ်တယ်။

မရှိဘူး။ ဟက်ဟက်။.. ဘယ်လောက်ရူးကြောင်ကြောင်နိုင်တဲ့ မေးခွန်းပါလိမ့်နော်။ သူကိုယ်တိုင်လည်း ရှင်သန် လာတဲ့ကာလ တစ် လျှောက်လုံးမှာ လေ ဆိုတဲ့ အကြောင်းအရာ နဲ့ပတ်သက်ပြီး ထူးထူးခြားခြား စိတ်ဝင်စားမှု မျိုးမရှိခဲ့ဖူးပါဘူး။

တစ်နေ့... အင်း... အဲဒီတစ်နေ့.... အရာအားလုံးအစပြုလာခဲ့တဲ့ တစ်နေ့ မတိုင်ခင်အထိပေါ့။

အဲဒီ နွေဦးရာသီရဲ့နွေးထွေးတဲ့နေ့တစ်နေ့ကစလို့ သူ့ရဲ့စိတ် သူ့ရဲ့ ယုံကြည်ချက် သူ့ရဲ့ဘဝ အရာအားလုံး ပြောင်းလဲခဲ့ရပါတော့တယ်။

အဲဒီနေ့က လေပြည် ကသူ့ဘဝကိုပထမဆုံး လှုပ်ခတ်သွားအောင်ပြုလုပ်ခဲ့တယ်လို့ သူထင်ပါတယ်။

--------------------------------------------------------------------------------------------------------------------------------

သူ ဝတ္ထုစာအုပ်တစ်အုပ်ကောက်ကိုင်လိုက်တိုင်း (သူရဲ့တစ်ကိုယ်ထဲ အမြင်အရ) စိတ်တိုင်း မကျဆုံး အချက်က ဇာတ်လိုက်ရဲ့ စိတ်နေစိတ်ထား ကိုယ်ရည်ကိုယ်သွေး ကိုအရင်ဆုံး အပိုဒ် ကလေး တစ်ပိုဒ်နဲ့ ချရေးထားတာပဲ။

လူတစ်ယောက် ဒါမှမဟုတ်လည်း တခြားတစ်စုံတစ်ခု သူတို့မှာ တစ်ပိုဒ်ထက်မက ပိုတဲ့နောက်ခံ အကြောင်းအရာ တွေ ရှိတတ် ကြတယ်။ တစ်ပိုဒ်ထဲနဲ့ "ချမ်းသာတယ် စာတော်တယ်" စသဖြင့် ရေးပြလိုက် တာဟာ ဇာတ်ကောင်ကိုစော်ကားတာလို့သူမြင်တယ်။ ဘယ်လောက်ပဲ တကယ်မရှိတဲ့ ဇာတ်လိုက် ပဲဖြစ်ဖြစ် သူတို့ မှာ လည်း စာရေးဆရာကိုယ်တိုင် မသိတဲ့ခံစားချက်တွေ ရှိတာပဲ မဟုတ်လား။

ခံစားချက်.... လူတွေမသိနိုင်တဲ့ ခံစားချက်ဆိုရင် သူ့အတွေးထဲ ရောက်လာတာက အဲဒီကောင်လေး အကြောင်းပါပဲ။

Colors of the Wind [EXO Fanfiction]Donde viven las historias. Descúbrelo ahora