Sehun's Diary - D

60 7 0
                                    

၂၇

ကျွန်တော် ဒီနေ့ Dong Hae Hyung ကို ဆက်သွယ်ဖြစ်တယ်။ စိတ်မပူပါနဲ့။ ကျွန်တော်တို့က ရိုးရိုးသားသားပါ။ ခင်ဗျားအတွက် ပွဲလက်မှတ်ရအောင် ကျွန်တော် ကြိုးစားထားတယ်။ ခင်ဗျားရဲ့ ပြဇာတ်တွေကို စိတ်မဝင်စားဘူး လို့ ပြောခဲ့ပေမဲ့ ခင်ဗျားပျော်မယ်ဆို ကျွန်တော် စိတ်ဝင်စားပေးရမှာပေါ့။ အဲဒီ ပြဇာတ်နဲ့ Musical ပွဲကို ခင်ဗျားကို ခေါ်သွားရင် ခင်ဗျား အရမ်းပျော်မှာနော်။ တွေးကြည့်ရတာနဲ့တင် ကျွန်တော်လည်း ပျော်တယ်။ တနင်္လာနေ့မြန်မြန် ရောက်ပါတော့ လို့ ဆုတောင်းနေမိပြီ။

ပြဇာတ်ကြည့်ပြီးရင် ခင်ဗျားကို နမ်းဖို့ အကြောင်းပြချက်တောင် စဉ်းစားပြီးပြီ။ အား ရင်ခုန်လိုက်တာ။

၂၈

မုန်းလိုက်တာ...။ တကယ်မုန်းတယ်။ ကျွန်တော် ကြိုးစားပေးထားရတာတွေက အသုံးမဝင်တော့ဘူးပေါ့။ ခင်ဗျား တရုတ်ပြည် မပြန်ပါနဲ့လို့ ကျွန်တော် ပြောလိုက်ချင်တယ်။ ကျွန်တော်တို့မှာ အချိန်သိပ်မကျန်တော့တာမို့ ခင်ဗျားနဲ့ အဲဒီလောက်တောင် မဝေးရဲဘူးလို့ ပြောချင်တယ်။ ဒါပေမဲ့ ... ကျွန်တော်က ဘာကောင်မို့လို့လဲ။ ခင်ဗျားမိသားစု ကိစ္စထိ ကျွန်တော် ဝင်ပြောလို့ မရပါဘူး။ ကျွန်တော် တော်တော် ဝမ်းနည်းတယ်။

Huang Zi Tao ပါပါမယ် ဆိုတော့လည်း ကျွန်တော် စိတ်ချပါတယ်ပဲ ပြောနိုင်တယ်။ တကယ်တော့ အဲဒီကောင်ကို ကျွန်တော် အားကျတယ်။ ခင်ဗျားနားမှာနေလို့ရပြီး ဘာမှ ပူပန်နေစရာမလိုဘူး။ ခင်ဗျားဘေးကလူတွေထဲမှာ ကျွန်တော် စိတ်ချမိတဲ့သူဆိုလို့လည်း အဲဒီကောင်ပဲရှိတယ်။ သူက ခင်ဗျားပျော်ဖို့အတွက်ဆို ကူညီပေးမှာပဲ၊

တစ်ခုပဲ... ကျွန်တော်က ခင်ဗျားပျော်ရွှင်မှု ဖြစ်နိုင်ပါ့မလား......။ မသိတော့ဘူး...။ ကျွန်တော် ခင်ဗျားနဲ့ မဝေးချင်ဘူး Hyung။ အခုကထဲက လွမ်းနေရပြီ။

၂၉

ကျွန်တော် ခင်ဗျားကို လေဆိပ် လိုက်မပို့ခဲ့မိရင် ကောင်းမှာ....။ တချို့မုသားတွေက ဘယ်တော့မှ အဖြစ်မှန် ပေါ်မလာသင့် ဘူး။ ကျွန်တော် အခု ရင်ထဲမှာ ရှုပ်ထွေးနေတယ်။ ခင်ဗျားနဲ့ ဝေးနေတာကိုတောင် မလွမ်းနိုင် တော့တဲ့အထိပဲပေါ့။ Jun Myeon Hyung အခုထိ လက်မထပ်ဖြစ်တာကို ကျွန်တော် ဘာဖြစ်လို့သံသယ မဝင်ခဲ့မိလဲ။ သူနဲ့ စေ့စပ်ထားတယ်ဆိုတဲ့ အမျိုးသမီးက မူလတန်းအရွယ် သမီးတစ်ယောက်တောင် ရနေပြီ။ အမှန်တော့ ကျွန်တော် ဘာလိုချင်မှန်းလဲ ကိုယ့်ဟာကိုယ် မသိတော့ဘူး။ သူ ကျွန်တော့်ကို လိမ်ခဲ့ တာကို စိတ်နာ သင့်သလား၊ သူ အဲဒီအမျိုးသမီးနဲ့ ဘာမှမပတ်သက်ခဲ့ဘူး ဆိုတာကိုပဲ ဝမ်းသာသင့်သလား။ ဒါမှမဟုတ်...။

Colors of the Wind [EXO Fanfiction]Wo Geschichten leben. Entdecke jetzt