4

113 16 0
                                    

ယောကျာ်းလေးတစ်ယောက်သူ့နေအိမ်သို့လိုက်လာကာတစ်ညအိပ်သွားရုံမျှဖြင့် သူ့ဘ၀ ထူးထူးခြားခြား ပြောင်းလဲလောက်စရာမရှိပါ ဟုထင်ခဲ့မိသည်။ သို့သော် သူဂရုမပြုမိခင်မှာပဲသူ့နှလုံးသားသည် ထို Oh Sehun ဆိုသော ကောင်လေးရှိရာသို့ အလိုလိုတိမ်းညွှတ်ခဲ့မိလေသည်။

--------------------------------------------------------------------------------

နံနက်ခင်း အလင်းရောင်က ဒီလောက်စူးရှသလားဟု သူငေးမော ကြည့်နေမိသည်။ ဒီတိုက်ခန်းလေးသို့ ပြောင်းလာကထဲက ပထမဆုံးအကြိမ် ပြတင်းခန်းဆီး ဖွင့်ထားခြင်းဖြစ်ပေသည်။

သေချာမတိုက်ချွတ်ထား၍ ဖုန်မှုန့်အနည်းငယ်တို့ကပ်ကာ မကြည်လင်ဖြစ်နေသော မှန်တံခါးတို့မှတဆင့် နေရောင်ခြည် က သူ့ရဲ့အလုပ်စားပွဲရှိရာသို့ လင်းလက်စွာကျရောက်နေသည်။ စာအုပ်စင်မှစာအုပ်တချို့ ကိုမီးမောင်းထိုးပေးထားသည့် အလား ထိုနေရောင်ခြည်တန်းသည် သူ့အခန်းကို အလင်းရောင် ကောင်းစွာ ပေးနေလေသည်။ နွေဦးရဲ့နေရောင်ခြည်ကိုသူ အိပ်ရာထက်မှာ ထိုင်ကာ ခံစားကြည့်နေရင်း ကောင်လေး ကိုသတိရလာသည်။

Oh Sehun တဲ့လား။ အရပ်ကသူ့ထက်တော်တော်မြင့်ပြီး မသပ် မရပ်နေတတ်တဲ့ပုံစံကြောင့် တက္ကသိုလ် ကျောင်းသားလို့ထင်ရပေမဲ့ နုနယ်တဲ့မျက်နှာချောချောက ဒီကောင်လေးဟာ အထက်တန်း ကျောင်းသား တစ်ယောက်ပါလို့သိသာစေနေခဲ့တာ။

စားပွဲပေါ်မှာအငွေ့မပြယ်သေးတဲ့ ကော်ဖီ ခွက်ပူပူကိုကြည့် ရင်း ကောင်လေးက ကော်ဖီမကြိုက်တဲ့အကြောင်း တွေးမိပြန်သည်။ ဘယ်လိုကောင်လေးပါလိမ့်။ ထူးဆန်းသောကောင်လေးပင် ဖြစ်မည်။ ကော်ဖီ မကြိုက်၊ စိတ်ကူးယဉ်ဝတ္ထုတို့ကိုသဘောမကျ။ Luhanသည်ပြတင်းပေါက်ကို ပြန်လှည့်ကြည့်ရာမှ တစ်စုံတစ်ရာကို တွေးတောမိသွားသည့်ဟန်ဖြင့် ငိုင်သွား သည်။

ထို့နောက် သက်ပြင်းတစ်ချက်ရှိုက်ရင်း ပြတင်းပေါက်ကို ထပိတ် လိုက်ကာ ခန်းဆီးလိုက်ကာကိုချထားခြင်း ဖြင့် သူ၏ကမ္ဘာကို ပြန်အမှောင်ချထားလိုက်သည်။

"နေရောင်ခြည် အရမ်းပြင်းမလာခင် ပိတ်ပစ်ရမယ် မဟုတ်လား။ ငါပူလောင်ရတာတွေကိုမကြိုက်လို့ပါ။ တောင်းပန်ပါတယ်... Sehun ရယ်"

Colors of the Wind [EXO Fanfiction]Où les histoires vivent. Découvrez maintenant