ဒီစာအုပ်ကို မည်သူမျှ မဖတ်ရ။ Kim Jun Myeon မှလွဲ၍
စာအုပ်ပိုင်ရှင် - အိုဆယ်ဟွန်း
စာအုပ်အမည် - အရူးကလေး
စာအုပ်ရက်စွဲ - ၂၀၁၇ ခုနှစ်၏ နွေဦးတစ်ည။
စာအုပ်သင်္ကေတ - ဆာကူရာပန်း။
အဟား.. ပြန်တွေးကြည့်တော့ အတော်ကလေးဆန်တာပဲ။ ကျွန်တော် တကယ်ဘာတွေ လျှောက်လုပ်ခဲ့မိပါလိမ့်။ ကျွန်တော် ဒီစာအုပ်ကို အစအဆုံးအနေနဲ့ ၃ ခါပဲပြန်ဖတ်ဖြစ်သေးတယ်။ ဒီနေ့က ၃ ခါမြောက်ပေါ့။ စာအုပ်က ကုန် သွားပြီ။ ကျွန်တော် အသစ်တစ်အုပ်မထုတ်ချင်ဘူး။ ထပ်ထပ်ရေးတာတွေနဲ့ ပြည့်နေတဲ့ ဒီစာအုပ်မှာ နေရာလပ်ရှာတော့ ဒီရှေ့ဆုံးတစ်ရွက်က လွတ်တယ်ပေါ့။ ဘယ်သူမှမဖတ်မယ့် စာအုပ်အတွက် ကျွန်တော် ပုရွက်ဆိတ်လက်ရေးလေးနဲ့ ရေးလို့ ရမယ် ထင်တယ်။
ကျွန်တော် ဒီစာအုပ်ကို ဘယ်သူ့ကိုမှ ပေးမဖတ်ဘူး။ Hyung လည်း မဖတ်ပါနဲ့။ နာကျင်ရလိမ့်မယ်ထင်တယ်။ တကယ်တော့ ဒီစာအုပ်က ကျွန်တော့်ရဲ့အသက်လည်းဟုတ်တယ်။ ဘဝဆိုလည်း ဟုတ်တယ်။ ကျွန်တော် သေရင် ယူသွားချင်တဲ့ အရာပေါ့။ သေရင် ယူသွားလို့ ရလား... ရမယ်ထင်တယ်။ ရအောင်ယူရင်ပေါ့။ ကျွန်တော် ချန်မထားချင်ခဲ့ဘူး။ ချန်ထားရစ်တယ်ဆိုတာက လူတွေကိုပဲ ကောင်းတယ်။ အမှတ်တရတွေ မပါသင့်ဘူး။
ကျွန်တော် သူ့ကို ချန်ထားခဲ့မိပါတယ်... သူ့မျက်ရည်တွေ.. ကျွန်တော် ဒါကို ထပ်ခါထပ်ခါ မရေးနိုင်ဘူး။ စာအုပ်ရဲ့ နောက်ဆုံးဟာလည်း သူ့မျက်ရည်ဖြစ်ပြီး စာအုပ်ရဲ့ရှေ့ဆုံးကလည်း သူ့မျက်ရည်ပဲဆိုရင် ဘယ်တရားမလဲနော်။ ကျွန်တော် သေလိုက်ဖို့ပဲ တော်တော် အသုံးမကျတာပါ။
အမ်စတာဒမ် ကနေ ပြန်လာပြီးတဲ့နောက် ကျွန်တော် တွေးဖြစ်တာက သူ့ကို ကျွန်တော့်ခံစားချက်တွေ ပေးမသိ စေချင်တော့ဘူး ဆိုတာပါပဲ။ သူ့ရဲ့မင်းသားလေးနဲ့ ပျော်ရွှင်တဲ့ ဘဝတစ်ခုရသင့်နေပါပြီ.. ဒီစာအုပ်ကို ကျွန်တော် ဘယ်လို ဆက်လုပ်ရမလဲ။ ဒီကမ္ဘာထဲကနေ ဖျောက်ဖျက်ပစ်လိုက်ပြီး .. ဒါက သိပ်ရက်စက်လွန်းတယ်လို့ ထင်မိ တယ်။ ကျွန်တော်နဲ့ သူ့ကြားက ဆက်သွယ်မှုလေးကို ကျွန်တော် ဖျောက်ပစ်လိုက်ရမှာလား.. အဲ့ဒါ ကျွန်တော်က လုပ်ရမှာလား အခု ပြန်ဖတ်ကြည့်တော့မှ ကျွန်တော်က အဆုံးထိ မာကြောချင်ဟန်ဆောင်ချင်ခဲ့တာပဲ အဟား။
VOUS LISEZ
Colors of the Wind [EXO Fanfiction]
Fanfictionလေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော့ unpublished လုပ်ခဲ့ပြီး အခုတော့ စာအုပ်ဗားရှင်းကို အစအဆုံးတင်ဖြစ်ပါတယ်။ အမှတ်တရအဖြစ်ရ ဆုံး ကိုယ့်အရ...