5

97 13 0
                                    

"အဆင်ပြေရဲ့လား အရမ်းပူသွားမှာ"

ကော်ဖီဆိုင်အပြင်ဖက်ကစားပွဲမှာ သူ့ကြောင့် ဒဏ်ရာရသွားသူရဲ့ လက်ကိုရေခဲဝတ်ကပ်ပေးနေရင်း မေးလိုက်မိသည်။ ကော်ဖီ ပူပူ ဟုပြောလိုက်လျှင် ဒီလောက်ပူမယ်မှန်းသူမသိခဲ့ပါ။ သူက ဘယ်တုန်းကမှ ကော်ဖီသောက်တဲ့သူမှမဟုတ်ပဲ။ အခုတော့ သူ့ရှေ့ ကလူကတော့ နာကျင်မှုကို သိပ်ဂရုထားဟန်မပေါ်။

"ထားလိုက်ပါ ဘာမှသိပ်မဖြစ်ပါဘူး"

အဲဒီလူရဲ့လေသံကနူးညံ့နေပေမဲ့ Sehun ကတော့မခံမရပ်နိုင် အောင် ဒေါသဖြစ်သွားရသည်။ ရေခဲဝတ်ကိုပစ်ချလိုက်ရင်း

"ဟုတ်လား ကျွန်တော်ကကျွန်တော့်ကြောင့် ခင်ဗျားလက် တစ်ခုခု ဖြစ်သွားပြီထင်တာ ခွဲစိတ်ခန်း ဝင်မဲ့လက်တွေဆို တော့တန်ဖိုးကြီး တယ်လေ။ ဘာမှမဖြစ်ဘူးဆိုတော့လည်းပြီးတာပါပဲ။ ဘာပဲဖြစ်ဖြစ် ဆောရီးပါ"

ပြောပြောဆိုဆိုနဲ့မတ်တပ်ထရပ်ပြီး Sehun တစ်ယောက် လှည့် ထွက်သွားဖို့လုပ်တော့မှ ထိုလူကထပြီး

"Sehun Hyung တို့ခဏစကားပြောရအောင်"

"ဘာပြောစရာရှိသေးလို့လဲ အာ ထိခိုက်ဒဏ်ရာရလို့ နစ်နာကြေး အဲ့လိုမျိုးတောင်းမလို့လား"

"အခုထိမပြောင်းလဲသေးဘူးပဲ"

Sehun ထောင်းခနဲဖြစ်သွားပြီး အဲဒီလူရဲ့ အင်္ကျီ ကော်လာကို ကောက်ဆွဲလိုက်မိသည်။

"ခင်ဗျားစကားဆင်ခြင်ပြောပါ Dr.Kim JunMyeon။ ကျွန်တော့်ကို အရမ်းနားလည်သလို ဟန်မဆောင်ပါနဲ့။ ခင်ဗျားပြောသမျှ ယုံတမ်း စကားတွေကို နားထောင်မဲ့ Oh Sehun မဟုတ်ဘူး"

JunMyeon Hyung ကဘာမှမပြောပဲသူ့မျက်လုံးတွေကိုပဲ တည့် တည့် ကြည့်နေသည်။ ထိုတော့မှ သူ သတိဝင်လာကာJunMyeon ရဲ့အင်္ကျီကိုလွှတ်လိုက်ပါသည်။ သူတစ်ခါမှဒီလိုမရိုင်းပျဖူးခဲ့ပါ။

"၁၀ မိနစ် ဒါမှမဟုတ် ၅ မိနစ်လောက်ပဲ အချိန်ပေးပါ Sehun ah"

ဖြစ်နိုင်လျှင် ဘာကိုမှဂရုမစိုက်ပဲလှည့်ထွက်ချင်ခဲ့ပေမဲ့ ရဲတွတ်နေ တဲ့ အပူလောင်ဒဏ်ရာနဲ့လက်ကို သူ့ အကြည့်တွေ ရောက်သွားပြီး မှာတော့ သူနေရာမှာပြန်ထိုင်လိုက်ပါသည်။

Colors of the Wind [EXO Fanfiction]Onde histórias criam vida. Descubra agora