အရောင်တွေရဲ့ သဘာဝဟာ ပြောပြနိုင်စွမ်းမရှိအောင်ကို လှပ လွန်းပါတယ်။
- ဗင်းဆင့်ဗန်ဂိုး
--------------------------------------------------------------------------------------------------
အဝါရောင်မှိန်ဖျော့ဖျော့ မီးသီးလေးတွေ အများစုသုံးထားသော ဆိုင်လေးထဲဝင်လိုက်သည်နှင့် နွေးထွေး သွားသည်။ သို့မဟုတ်ပို၍ စိတ်လှုပ်ရှားဖို့ကောင်းလာသည်လားမသိ။ တံခါးမှ တချွင်ချွင် မြည်သော ဆည်းလည်းသံကြောင့်ဆိုင်ထဲက လူတချို့က သူရှိရာကို တစ်ချက်လောက်ကြည့်လိုက်ကြသော်လည်း အားလုံးက ကိုယ့် အာရုံနဲ့ကိုယ်ပြန်လှည့်သွားကြသည်။တိုးတိုး ငြိမ့်ငြိမ့် Jazz သီချင်း သံအောက်မှာ ဆိုင်ကလေးရဲ့စားပွဲအများစုကပြည့်နေပြီ။ ကဖေး လှလှကလေးတစ်ခု နဲ့တူသော Pub ဆိုင်လေးတစ်ခု။
"Welcome from Mooie Bloem, Mr.Lu.
William is already here waiting for you. This way please"
သီးသန့်ဆန်သော ဝန်ဆောင်မှုဖြစ်ကြောင်း သူသတိထားမိသည်။ သူ့ကိုသိနေသည်ဆိုတော့ Hun က ဘယ်လိုစီစဉ်ထားလို့လဲ။ ရှေးဟောင်း ဓာတ်လှေကားတစ်ခုရှေ့ရောက်တော့ ဒါကိုအသုံးပြုပြီး အပေါ်တက်သွားရန်နှင့်သီးခြားနေရာတစ်ခုဖြစ်သော ခေါင်မိုးထပ်ကို လူတိုင်းဝင်ခွင့်မရကြောင်း ဝန်ထမ်းမိန်းကလေးက ဥရောပသံ ဝဲသော အင်္ဂလိပ်စကားဖြင့်ရှင်းပြသည်။
ဓာတ်လှေကားက သံပန်းတံခါးအဖွင့်အပိတ်နဲ့ဖြစ်ပြီး တံခါးဆွဲ အပိတ်မှာ သူ လက်တွေတုန်လာသည်။ သူ Hun နဲ့တွေ့ရတော့မှာပေါ့။
"Don't be nervous."
သူ့ကိုအားပေးလာသော မိန်းကလေးကို ကျေးဇူးတင်စကား ခပ်တိုးတိုးပြောလိုက်မိရင်း သူအပေါ်ထပ်သွားရန်ဂီယာပြောင်းလိုက်သည်။ ဓာတ်လှေကားက တရွေ့ရွေ့အပေါ်သို့တက်လာ၏။ William တဲ့။ Hun နဲ့ တော်တော်ရင်းနှီးနေတဲ့ပုံ။
သူမသိအောင်၃ နှစ်လောက်ပုန်းနေခဲ့တဲ့ Hun ဟာ ဘယ်လို ဘဝ မျိုးရှင်သန်ဖြတ်သန်းခဲ့ပါသလဲ။
"သူတို့ Project video က Cannes မှာတောင်ပြခွင့်ရခဲ့တာလေ။ သိပ်တော်တဲ့ ဒါရိုက်တာလေး"
ဟုဦးလေး Qi ကပြောသည်။ William ဆိုတဲ့နာမည်တစ်ခု ၊ အာရှသား ဒါရိုက်တာ ဆိုတဲ့ အဖြစ်ကလွဲလို့ ဦးလေး Qi ကလည်း ထူးထူးခြားခြားသိမနေ။ သူကလည်း သူများပြောသည့် Sehun အကြောင်းတွေနားမထောင်ချင်တော့ပါ။ Sehun အကြောင်းကို Sehun ပြောပြတာပဲ နားထောင်ချင်တာ။
VOUS LISEZ
Colors of the Wind [EXO Fanfiction]
Fanfictionလေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော့ unpublished လုပ်ခဲ့ပြီး အခုတော့ စာအုပ်ဗားရှင်းကို အစအဆုံးတင်ဖြစ်ပါတယ်။ အမှတ်တရအဖြစ်ရ ဆုံး ကိုယ့်အရ...