11

71 11 0
                                    

"Hyung ကျွန်တော့်ကိုသနားရင်လေ အဲဒီလိုမလုပ်ပါနဲ့နော်"

သူအဲဒီလောက်အထိတောင်းပန်ခဲ့တာပဲ။ ဆေးရုံရဲ့ ခေါင်မိုးထပ် က ပန်းခြံမှာ သူ JunMyeon Hyung လက်ကိုအတင်း ဆွဲကိုင်ရင်း အလန့်တကြား တောင်းပန်ခဲ့တာပါပဲ။ ကွက်ကြည့်ကွက်ကြည့် လုပ် နေကြတဲ့ လူနာတချို့ Hyung သူငယ်ချင်း အလုပ်သင် ဆရာဝန်တွေ သတိထားမိသွားလည်းသူဂရုမစိုက်နိုင်အားပဲ တောင်းပန်ခဲ့ကြည့် တာပါပဲ။

အဲဒီတုန်းက Hyung က ကရုဏာသံ နည်းနည်းဆွက်တဲ့ လေသံ အေးနဲ့ သူ့လက်ကိုအသာဖယ်ချရင်း

"Hun သူက ကိုယ်လက်ထပ်မဲ့မိန်းကလေးပဲ။ Hun ကိုယ့်ကို အရမ်းခင်တွယ်လို့ ချက်ချင်းလက်မခံနိုင်မှန်း သိပေမဲ့ သူ ဒီတခါ U.S ကပြန်လာရင် ကိုယ်တို့စေ့စပ်တော့မှာ ဒါကအမှန်တရားပဲ"

"မဟုတ်ဘူး"

သူမျက်ရည်ပေါက်ပေါက်ကျရင်း Hyung ကိုအော်ဟစ် ပေါက်ကွဲမိ တော့ Hyung ကသူ့ကိုဖက်ထားလိုက်ရင်း

"ရင့်ကျက်ပါတော့ Sehun ရယ်။ မင်း ကလေးလေး မဟုတ် တော့ဘူးလေ" ဟုသူ့ကျောကိုပွတ်ရင်း ပြောသောအခါသူ Hyung ကိုတွန်းထုတ်ကာ ငိုရှိုက်လျက် ပြေးထွက်လာခဲ့သည်။ ခက်တော့ အခက်သား။ နောက်မှာ Hyung လဲပြိုကျန်ရစ်ခဲ့တာ သူမြင်သည်။ သို့သော် သူ့နှလုံးသား အက်ကွဲကြောင်းလောက် ဘာမှ အရေးမကြီး။ လှေကားနဲ့ပြေးဆင်းလာရင်း ဆေးရုံရဲ့ အသုဘ အခမ်းအနား ပြုလုပ်ရာနေရာရောက်တော့ သူစိတ်ကူးပေါက်ကာ အသုဘ အခမ်းအနားတစ်ခုထဲဝင်ထိုင်ရင်း ငိုနေမိသည်။ အသက်ကြီးကြီး အဘွား တစ်ယောက်၏အသုဘဖြစ်ပြီး အတော်စည်စည်ကားကား တော့ရှိသည့် ထိုအခမ်းအနားထောင့်မှာ သူ မဆီမဆိုင်ငိုတော့ ကွယ်လွန်သူ၏ သားဖြစ်ဟန်တူသူက သူ့ကိုလာနှစ်သိမ့်ပေးရတဲ့ အထိပင်။

ထိုစဉ် "Sehun.. Sehun"

"ဟင်" လှုပ်နှိုးသံကြားမှသူသတိဝင်လာရင်း မျက်စိ ဖွင့်ကြည့်လိုက် မိသည်။ အိပ်မက်ပြန်မက်နေတာပဲ။ ချွေးတွေလည်းရွှဲနေပြီ။

"အိပ်မက်ဆိုးမက်တာလား။ မင်းငိုနေတယ်"

Hyung အသံနဲ့ မင်းငိုနေတယ် လို့ကြားရတာလောက် ဆိုးတဲ့အရာ ရှိပါဦးမလား။ သူ မျက်ရည်တွေကို အတင်းပွတ်သုတ်လိုက်ရင်း အိပ်ရာထဲမှ ထထိုင်လိုက်သည်။ Hyung ကတကယ်ပဲသူ့ကို စောင့်နေခဲ့ တာပဲ။အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အထိ ခေါက်ထားသည့် ဟန်ပန်ကိုသူငေးခနဲဖြစ်မိသွားပြီးမှ..

Colors of the Wind [EXO Fanfiction]Where stories live. Discover now