10

91 11 0
                                    

တံခါးကို ဒုန်း ခနဲမြည်အောင် ဆောင့်ပိတ်ပြီး အထဲကနေ လော့ခ်ချ ကာ အိပ်ရာထဲဝင်ခွေလိုက်သည်မှာ ကောင်းသော ဆုံးဖြတ်ချက် မဟုတ်မှန်း Oh Sehun သိသည်။ သို့သော် မတတ်နိုင်။ ထို မိသားစု ထမင်းဝိုင်း ဟူသော စိတ်ပျက်ဖွယ်အရာကြီးကို သူရှောင်လွှဲချင်နေ သည်။

"နေရောင်ကစူးလိုက်တာ"

အခန်းပြတင်းပေါက် လိုက်ကာကိုဆတ်ခနဲ ဆွဲပိတ်ပြီးမှ Luhan အိမ်ကို သူပြတင်းဖွင့်ပေးခဲ့တာ သတိရပြီး ပြုံးမိသွား၏။ မှောင်မိုက်နေသောအခန်းကျဉ်း-ဒီလောက်ကောင်းမွန်တဲ့ ခံစားချက် ပေးစွမ်းနိုင်တာကြောင့် Luhan ဟာ နှစ်ရှည်လများ ဒီလိုနေခဲ့ သလား။

"အရူးလေး" သူ့ဟာသူ ရေရွတ်ရင်းပြုံးမိပြန်သည်။ Luhan အကြောင်းဟာ ဘယ်အချိန်တွေးတွေး သူ့ကို ပြုံးစေတာပဲ။ ဒီ အရူး လေး ကိုသူ နောက်နေ့တွေ လောကကြီး အပြင်ဖက်ထုတ် ပေး ရဦးမည်။ ဒါဟာ သူပဲ လုပ်ကိုင်နိုင်သောအရာဖြစ်သည်မို့။

"Sehun ah" တံခါးခေါက်သံတစ်ခုနဲ့အတူ တည်ကြည်သော အသံ ကိုသူကြားလိုက်ရသည်။ တစ်နည်းအားဖြင့် သူမျှော်လင့်နေမိသော အသံလည်းဖြစ်၏။ တုံ့ပြန်မှုမပေးပဲအသာငြိမ်နေလိုက်တော့ တံခါး ထပ်ခေါက်ပြီး

"ကိုယ်တို့စကားပြောကြရအောင်လေ" ဆိုသောအသံ ထပ်မံ ထွက် ပေါ်လာသည်။ ကောင်းပါပေ့ Kim JunMyeon ။ ခင်ဗျားဟာ ကျွန်တော့်ကို ယိမ်းယိုင်အောင်ပြုလုပ်နိုင်တဲ့လူသားပဲ။ သူစိတ်မပါ လက်မပါ (သို့မဟုတ်လည်း စိတ်မပါလက်မပါ ဖြစ်ဟန်ဆောင်ကာ) တံခါးချက်ကိုဖွင့်ပေးလိုက်ပြီး ကုတင်ပေါ် ပြန် အိပ်နေလိုက်သည်။

"ကိုယ်ဝင်လာမယ်နော်"

တံခါးကသာသာကလေးဟသွားပြီး ငြင်သာစွာပြန်ပိတ်သွားသည်။

"ဘာဖြစ်လို့ အမှောင်ချထားတာလဲ။ ပြတင်းပေါက်လိုက်ကာလေး ပိတ်လိုက်ရုံနဲ့ နေရောင်ခြည် မရှိတော့ ဘူးထင်နေတာလား Hun ရဲ့"

လာပြီ။ ဒီလိုစကားတွေ။ သူချက်ချင်းထထိုင်လိုက်ပြီး "နေရောင်ခြည်မရှိတော့အောင်လုပ်တာမဟုတ်ပဲ ဝင်လာခွင့် မပေးတာ ဆိုရင်ကော"

JunMyeon Hyung ရဲ့မျက်နှာက မှောင်ရိပ်ကျနေသည့်အခန်း ထဲ မှာတောင်မှ လင်းနေသည်ဟုထင်ရသည်။ (စိတ်ထင်တာလည်း ဖြစ် နိုင်ပါသည်။)

Colors of the Wind [EXO Fanfiction]Opowieści tętniące życiem. Odkryj je teraz