တိုက်ဆိုင်မှုတွေကို Luhan မလိုချင်ခဲ့ပါ။ အထူးသဖြင့် Sehun အထင်လွဲသွားလောက်မည့် တိုက်ဆိုင် မှုတွေဆိုလျင် သူ ပိုပြီး ရှောင်လွှဲချင်ခဲ့သည်။ သို့သော် ဆိုးလ် ၏ အကြီးမားဆုံးရုပ်ရှင်ရုံ တစ်ရုံမှာသူက Tao နှင့်အတူ ရုပ်ရှင်ကြည့်ရန်ရောက်လာပြီးSehun ကလည်း အဲဒီမှာရှိနေခဲ့ခြင်းက အမှန်တကယ်ဖြစ်ပေါ်ခဲ့ပြီးပြီ။ သူစိုးရွံ့ရသော Sehun ၏မျက်မှောင်တွန့်လေး၊ နောက်ပြီး လက်ပိုက်ရပ်ကြည့်နေသော မကျေနပ်ဟန်က သူတို့အပေါ်မှာ ကျရောက်လို့နေသည်။ ထို့ပြင် (Tao နှင့်လည်းခင်မင်ဟန်ရှိသော) Sehun သူငယ်ချင်းဆိုသူ၏ အကြည့်စူးစူးကလည်း သူ့ကို အနေ ခက်စေသည်။ ဖြစ်နိုင်ရင် ဒီနေရာကနေ အငွေ့ပျံသွားချင်လိုက် တာ။
"LaLa Land လာကြည့်တာလေ မင်းတို့ကော"
ရုတ်ချည်းဆိတ်ငြိမ်သွားခဲ့သော အခြေအနေကို Tao က သဘော ပေါက်သွားကာ တတ်နိုင်သလောက် ပြန်ထိန်းဖို့ ကြိုးစား ရှာသည်။
"ငါတို့က ဇာတ်လမ်းတော့မရွေးရသေးပါဘူး"
JongIn ဆိုသူကောင်လေးက သူ့ကိုအကြည့်မလွှဲသေးပဲ Tao ကို ဖြေသည်။ အဲဒီတော့ သူက ထိုကောင်လေးကိုပြန်ကြည့်ရမည်လား ဘေးနားမှာ လက်ပိုက်ရပ်နေသော Sehun ကိုငေးကြည့်ရမည်လား ခေါင်းငုံ့ထားရမည်လား မသဲကွဲ။
"ငါ ကိုရီးယားရုပ်ရှင်ရုံတွေမှာ မကြည့်ဖူးလို့လေ။ အဲ့ဒါ Lu Hyung ကိုကူညီပေးဖို့အတင်းခေါ်လာခဲ့တာ"
(ဒီထက်ပိုကောင်းသော ဘာသာစကားကျွမ်းကျင်မှုနဲ့ ပြောရင် တောင်) Tao ရဲ့စကားကအကူအညီမဖြစ်စေပါ။
"Tao ကိုယ် Sehun နဲ့စကားပြောလိုက်ဦးမယ်"
မနေနိုင်တော့တဲ့အဆုံးသူ Sehun လက်ကိုဆွဲခေါ်လာခဲ့သည်။ JongIn ဆိုသော ကောင်လေးကတော့ သူ့ကို စူးစိုက်ကြည့်လျက် ကျန်ခဲ့ပါသည်။ တိုင်အကွယ်တစ်ခုရောက်တော့မှ သူ Sehun လက်ကိုလွှတ်ကာ ကြိုးစား ရှင်းပြမိသည်။
"ကိုယ် ဒီဇာတ်လမ်းကိုတကယ်ကြည့်ချင်တယ် Hun။ Zi Tao ကလည်း အကူအညီ လာတောင်းတဲ့ အချိန်မှာ ကိုယ် မငြင်းချင် ခဲ့တာနဲ့ကော။ ဒါပေမဲ့ ကိုယ်မင်းကိုအရင်ဆုံးပြောခဲ့တာပဲလေ"
ESTÁS LEYENDO
Colors of the Wind [EXO Fanfiction]
Fanficလေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော့ unpublished လုပ်ခဲ့ပြီး အခုတော့ စာအုပ်ဗားရှင်းကို အစအဆုံးတင်ဖြစ်ပါတယ်။ အမှတ်တရအဖြစ်ရ ဆုံး ကိုယ့်အရ...